မင်းလှမြို့တွင် ရှေးဟောင်းပုဂံပြားများ တွေ့ရှိ

မင်းလှမြို့တွင် ရှေးဟောင်းပုဂံပြားများ တွေ့ရှိ

မကွေးတိုင်းဒေသကြီး သရက်ခရိုင်င် မင်းလှမြို့ အမှတ်(၁)ရပ်ကွက်တွင် ယနေ့ဇွန်လ ၂၁ရက်နေ့ နံနက်ပိုင်းက အိမ်ဆောက်ရန် မြေတူးရာမှ ရှေးဟောင်းပုဂံပြားဟု ယူဆရသော ကြေးပုဂံပြား (၃၂)ချပ် တူးဖော်ရရှိခဲ့သည်။

မင်းလှမြို့ အမှတ်(၁)ရပ်ကွက် မြောက်ရပ်ရှိဦးမောင်ရီ ပိုင်ဆိုင်သော ယာမြေ (၁.၅)ဧကရှိမြေနေရာတွင် ယနေ့ နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးအား အသိပေးကာ အိမ်ဆောက်ရန်အတွက်   မြေညှိ့ ပြုပြင်တူးဖေါ်ရာ အနက် (၂)ပေခန့်အရောက်တွင် ရှေ့ဟောင်းကြေးပုဂံပြား(၃၃)ချပ်အား တူးဖော်ရရှိကြောင်း ဦးမောင်ရီက ပြောသည်။

“အရင် အင်္ဂလိပ်ခေတ်က ဗိုလ်တဲတွေ ဒီနေရာမှာ ရှိခဲ့တယ်လို့ ကြားဘူးပါတယ်၊ ပြီးခဲ့တဲ့(၅)လခန့်က အခုနေရာနဲ့ ပေ(၂၀၀) ခန့်အကွာမှာ ရေတွင်းတူးတုန်းက   ရှေ့ဟောင်းအမြောက် (၁) လက် တွေ့ခဲ့ဖူးတယ်။ အခု ဒီနေရာကို တာဝန်ရှိသူတွေက ခြံစည်းရိုး ခတ်ထားပါပြီ”ဟု ဦးမောင်ရီက ပြောသည်။

အဆိုပါ ရှေ့ဟောင်းပုဂံပြားများဟု ယူဆရသော ကြေးပုဂံများ တွေ့ရှိခြင်းကို အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးအား အသိပေးအကြောင်းကြားကာ ထိုမှတဆင့် ရှေ့ဟောင်းသုတေသနအဖွဲ့သို့ အကြောင်းကြားထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly