ဘက်လိုက်သည်ဟု ပြောဆိုလျက် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှ အမေရိကန် နုတ်ထွက်

ဘက်လိုက်သည်ဟု ပြောဆိုလျက် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှ အမေရိကန် နုတ်ထွက်

၀ါရှင်တန်၊ ဇွန် ၂၀ ။          ။ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းဖြစ်သော်လည်း နိုင်ငံရေးဘက်လိုက်နေသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ဝေဖန်လျက် အမေရိကန်က နုတ်ထွက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟေလီက ဇွန် ၁၉ ရက်တွင် ပြောလိုက်သည်။

“ကျွန်မတို့အနေနဲ့ ကြောင်သူတော်၊ ကိုယ်ကျိုးကြည့် အဖွဲ့အစည်းဖြစ်ပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် ရယ်စရာတွေပဲ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းထဲမှာ ဆက်လက်ပါ၀င်နေဖို့ ခွင့်မပြုနိုင်တာကြောင့် ခုလို နုတ်ထွက်ရတာပဲ ဖြစ်တယ်။”ဟု နစ်ကီဟေလီက ဆိုသည်။

ပြီးခဲ့သည့်နှစ်ကလည်း နစ်ကီဟေလီက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် အစ္စရေးကို ဆန့်ကျင်သည့် နာတာရှည်ဘက်လိုက်နေသော အဖွဲ့ပဲဖြစ်ပြီး အမေရိကန်အနေဖြင့် အဖွဲ့ဝင်အဖြစ်ကို ပြန်သုံးသပ်နေပြီဟု ပြောဆိုထားခြင်းလည်း ဖြစ်သည်။

၂၀၀၆ ခုနှစ်အတွင်းက စတင်တည်ထောင်သော ဂျီနီဗာအခြေစိုက် ယင်းကောင်စီသည် လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာဖြစ်နေသည့် နိုင်ငံများကို အဖွဲ့ဝင်အဖြစ် ထားရှိခြင်းနှင့် ပတ်သက်ပြီး ဝေဖန်ခံနေရသည့် ကောင်စီတစ်ရပ်လည်း ဖြစ်သည်။

သို့သော်လည်း ယခုကဲသို့ အမေရိကန်၏ နုတ်ထွက်သွားခြင်းသည် ကမ္ဘာအနှံ့က လူ့အခွင့်အရေး အလွဲသုံးမှုများကို ကိုင်တွယ်ဖြေရှင်းရေးနှင့် စောင့်ကြည့်ရေးတို့မှ ကြိုးပမ်းအားထုတ်မှုများအပေါ် အထိနာစေမည်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags