ဒေါ်အောင်ဆန်းစုုကြည်၏ ရ၃ နှစ်ပြည့် မွေးနေ့အဖြစ် NLD ရုုံးချုပ်တွင် သံဃာတော်များကိုု ဆွမ်း လောင်းလှူမည်

ဒေါ်အောင်ဆန်းစုုကြည်၏ ရ၃ နှစ်ပြည့် မွေးနေ့အဖြစ် NLD ရုုံးချုပ်တွင် သံဃာတော်များကိုု ဆွမ်း လောင်းလှူမည်
ဓာတ်ပုံ - AFP

 

ရန်ကုန် ဇွန် ၁၈ ။              ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုုကြည်၏ ရ၃ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ် မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့၌ ရန်ကုန်၊ ရွှေဂုုံတုုိင် အမျိုးသားဒီမုုိကရေစီအဖွဲ့ချုပ်ရုံးတွင် သံဃာ တော်များကိုု ဆွမ်းလောင်းလှူမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုုကြည်၏ မွေးနေ့အတွက် ကုုသုုိလ်ကောင်းမှုအဖြစ် ဆွမ်းလောင်းခြင်းမှလွဲ၍ ရုုံးချုပ် တွင် မွေးနေ့ပွဲကြီးကြီးကျယ်ကျယ် ကျင်းပရန်မရှိဟု NLD ဗဟုုိပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုုံရွာအောင်ရှင်က မဇ္ဈိမသို့ ပြောသည်။

" တခြားကြီးကြီးကျယ်ကျယ်ပွဲတော့ လုပ်ဖို့မရှိပါဘူး၊ ဒေါ်အောင်ဆန်းစုုကြည်ရဲ့ မွေးနေ့အတွက် ကုုသုုိလ်ကောင်းမှုအဖြစ် ဆွမ်းလောင်းဖို့တော့ရှိတယ်၊ အဲဒီလောက်ပါပဲ၊ ရန်ကုန်တိုင်းအတွင်းက သံဃာတော်တွေကိုု ပင့်ဖိတ်ပြီး ဆွမ်းလောင်းလှူမယ်ပေါ့၊ တချို့လည်း နေပြည်တော်သွားမယ့် သူတွေလည်းရှိတယ်ကြားတယ်" ဟု NLD ဗဟုုိပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုုံရွာ အောင်ရှင်က ပြောသည်။

ဒေါ်အောင်ဆန်းစုုကြည်က မွေးနေ့ပွဲများကို ကြီးကြီးကျယ်ကျယ်မပြုလုပ်ရန် မှာကြားထားခြင်း မရှိ ကြောင်းနှင့် ရန်ကုန်မြို့နယ်အတွင်း အဖွဲ့ချုပ်ရုံးများတွင် ဒေါ်အောင်ဆန်းစုုကြည်၏ ရ၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲများ ပြုလုပ်ရန်စီစဉ်နေကြောင်း မုုံရွာအောင်ရှင်က ဆက်ပြောသည်။ ထို့ပြင် နေပြည်တော်နှင့် မန္တလေး၊ မကွေးနှင့်အခြားမြို့နယ်များတွင်လည်း   ဒေါ်အောင်ဆန်းစုုကြည်၏ မွေး နေ့ပွဲများ ကျင်းပရန်ပြင်ဆင်နေကြောင်းလည်း သိရသည်။

 ဇွန်လ ၁၉ ရက်နေ့၌ကျရောက်သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုု ကြည်၏ ရ၃ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်း၍ ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံတွင် မွေးနေ့အခမ်းအနားပြုလုပ်၍ ညပိုင်းတွင် ရွှေတိဂုံဘုရားတွင် ကောင်းမှုကုသိုလ်များပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly