ထိုင်းနိုင်ငံတွင် အရှေ့တောင်အာရှ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး ဖွင့်လှစ်

ထိုင်းနိုင်ငံတွင် အရှေ့တောင်အာရှ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး ဖွင့်လှစ်

ဘန်ကောက်၊ ဇွန် ၁၅ ။                 ။ ရှစ်ကြိမ်မြောက် ဧရာဝတီ-ချောင်ဖရား-မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ACMECS ညီလာခံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စတင်ရာ ဇွန် ၁၅ ရက်က နိုင်ငံခြားကိုယ်စားလှယ်တော်များ၊ ဒေသတွင်းခေါင်းဆောင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ကြသည်။

တက်ရောက်လာကြသူများတွင် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် မြန်မာသမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် တက်ရောက်လာကြသူ ၂၀၀၊ ၃၀၀ ၀န်းကျင်ရှိကြောင်း အီးပီအေသတင်းက ဖော်ပြသည်။

စီအီးအိုဖိုရမ်တစ်ရပ်တွင် အဖွင့်မိန့်ခွန်းပြောရာ ထိုင်းဝန်ကြီးချုပ်က “ACMECS အသိုက်အဝန်း တည်ဆောက်ခြင်းမှ ပုဂ္ဂလိကကဏ္ဍ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောခဲ့သည်။

မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ အပါအဝင်ဖြစ်သော ACMECS အဖွဲ့ဝင်များ၏ တည်နေရာနယ်နမိတ်သည် တရုတ် ပိုးလမ်မကြီးနှင့် ချိတ်ဆက်မိထားသကဲ့သို့ အမေရိကန်၏ လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ် မဟာဗျူဟာနှင့်လည်း ချိတ်ဆက်လျက်ရှိကြောင်း ဝန်ကြီးချုပ် ချန်အိုချာက ဆိုသည်။

ဒေသအား အကျိုးရှိအောင် လုပ်ဆောင်နိုင်သော ACMECS နိုင်ငံများ၏ ပုဂ္ဂလိကကဏ္ဍတွင် နယ်ပယ်သုံးရပ်ရှိကြောင်း ချန်အိုချာက အကြမ်းဖျင်း ဆိုသည်။

ပထမက ပုဂ္ဂလိကကဏ္ဍသည် အစိုးရကဏ္ဍနှင့် အတူ ကမ္ဘာ့စီးပွားရေးအတွင်း ဒေသ၏ ရင်းနှီးမြုပ်နှံမှုနှင့် သဟဇာတဖြစ်မှုတို့ကို ဖော်ဆောင်နိုင်ရမည်၊ ဒုတိယအချက်အနေဖြင့် ပုဂ္ဂလိကကဏ္ဍသည် ကမ္ဘာ့စီးပွားရေး အပြောင်းအလဲအတွင်း ACMECS နို်င်ငံများကို အကူအညီပေးနိုင်ရမည်၊ တတိယအချက်မှာ အားလုံးသော ပြည်သူများထံ အကျိုးစီးပွားများ ဖြန့်ဝေနိုင်သော စီးပွားရေးဖွံ့ဖြိုးမှုများကို အတူဖော်ဆောင်ရမည်ဟု ချန်အိုချာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly