အပူပိုင်းမုန်တိုင်းကြောင့် မက္ကဆီကိုမှာ အနီရောင်အဆင့် အရေးပေါ် သတိပေးချက် ထုတ်

အပူပိုင်းမုန်တိုင်းကြောင့် မက္ကဆီကိုမှာ အနီရောင်အဆင့် အရေးပေါ် သတိပေးချက် ထုတ်

ဇွန် ၁၅ ။            ။ အပူပိုင်းမုန်တိုင်း ဘက်ဒ် မက္ကဆီကိုနိုင်ငံကမ်းရိုးတန်းသို့ ဦးတည်လာနေလျက်ရှိပြီး မိုးသက်လေပြင်းများ ကျရောက်လာနေခြင်းကြောင့် အာဏာပိုင်များက ယမန်နေ့ ဇွန်လ ၁၄ ရက်တွင် အနီရောင်အဆင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။

မုန်တိုင်းမှာ နာမည်ကျော် Los Cabos အပန်းဖြေဒေသသို့ ဦးတည်နေခြင်းကြောင့် အဆိုပါ ဒေသအတွက် အရေးပေါ် သတိပေးချက်ထုတ်ပြန်ထားရသည်။

ယခု ထုတ်ပြန်ထားသည့် အမြင့်ဆုံး သတိပေးချက် အဆင့်အောက်တွင် သက်ဆိုင်ရာ မက္ကဆီကို အာဏာပိုင်များအနေဖြင့် ရေကြီးမှုနှင့် အခြားဘေးအန္တရာယ် ကျရောက်နိုင်ခြေရှိ ဧရိယာများနေ လူပေါင်း ၉,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးသွားမည် ဖြစ်ကြောင်း Baja California Sur ပြည်နယ် အရေးပေါ်ဘေးအန္တရာယ်တုန့်ပြန်ရေးဌာန အကြီးအကဲ ကားလို့စ် အယ်လ်ဖရက်ဒို ဂေါ့ဒီနက်ဇ်က ပြောသည်။

" ကျွန်တော်တို့ ခုလောလောဆယ်တော့ မုန်တိုင်းအန္တရာယ် အဆိုးရွားဆုံး ထိခိုက်နိုင်တဲ့ ဇုန်တွေက မိသားစုတွေကို ကူညီရွှေ့ပြောင်းပေးနေပါတယ်" ဆိုပြီး Los Cabos မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် လူးဝစ် အယ်လ်ဘာတို ဂွန်ဇာလက်ဇ်က ပြောသည်။

မုန်တိုင်းကြောင့် Los Cabos ဒေသရှိ အဓိက လေဆိပ်နှစ်ခုကိုလည်း ယာယီ ပိတ်ထားခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly