ဇွန် ၁၂ ။ ။ ကိုရီးယားကျွန်းဆွယ် နျူကလီးယားဖျက်သိမ်းရေး လုပ်ငန်းစဉ်ကို များမကြာမီ အမြန်ဆုံး စတင်သွားမှာဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသွားသည်။
၎င်းသည် ယနေ့တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်နှင့် သမိုင်းဝင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။
" ဒီလုပ်ငန်းစဉ်ကို ကျွန်တော် အမြန်ဆုံး စသွားမှာပါ၊ အရမ်းကို မြန်မြန်ဆန်ဆန် လုပ်သွားမှာပါ" ဆိုပြီး ထရမ့်က နျူဖျက်သိမ်းရေးနှင့်ပတ်သက်သည့် မေးခွန်းတစ်ရပ်ကို ဖြေကြားစဉ် ထည့်သွင်းပြောကြားသွားသည်။