ထရမ့်နှင့် ကင်မ် ထိပ်သီးတွေ့ဆုံမှု အောင်မြင်စွာ ပြီးဆုံး၊ နောက်လည်း ထပ်တွေ့ကြဦးမည်ဟု ကတိပြု

ထရမ့်နှင့် ကင်မ် ထိပ်သီးတွေ့ဆုံမှု အောင်မြင်စွာ ပြီးဆုံး၊ နောက်လည်း ထပ်တွေ့ကြဦးမည်ဟု ကတိပြု

ဇွန် ၁၂ ။          ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်းတို့အကြား ယနေ့ စင်ကာပူ Sentosa ကျွန်းရှိ Capella ဟိုတယ်မှာ သမိုင်းဝင် တွေ့ဆုံမှုကတော့ အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်သည်။

ခေါင်းဆောင်နှစ်ဦးအကြား အံ့မခန်း ကောင်းမွန်တိုးတက်သည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ပြီးနောက် နှစ်ဦးသား နှုတ်ဆက်လမ်းခွဲခဲ့ကြသည်။

ယခု သမိုင်းဝင် တွေ့ဆုံမှု ပြီးစီးသွားချိန် ၎င်းတို့ နှစ်ဦးသား အကြား နောက်လည်း ထပ်မံ တွေ့ဆုံသွားကြမည်ဟု ထရမ့်နှင့် ကင်မ်တို့ နှစ်ဦးစလုံးက ကတိပြုသွားကြသည်။

" ကျုပ်တို့ နောက်ထပ် ထပ်တွေ့ကြဦးမှာပါ၊ နောက်ထပ် အကြိမ်ပေါင်းများစွာ တွေ့မယ်ဗျာ" ဆိုပြီး ထရမ့်က ကင်မ်နှင့်အကြား သမိုင်းဝင် လက်မှတ်ရေးထိုးအပြီးမှာ ပြောသွားသည်။

၎င်းတို့နှစ်ဦး လက်မှတ်ထိုးခဲ့သည့် သမိုင်းဝင် သဘောတူညီချက် ထဲတွင် ကိုရီးယားကျွန်းဆွယ် နျူကလီးယား ဖျက်သိမ်းရေးကို အတူတကွ လုပ်ဆောင်သွားကြရန် ကတိကဝတ်ပြုထားသည်ဟု သိရသည်။

ယင်းသည် ပြီးပြည့်စုံပြီး အရေးကြီးသည့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ထရမ့်က ပြောသည်။

အလားတူ ပြီးခဲ့သည့်အတိတ်ကာလ ဖြစ်ရပ်များကို အတိတ်တွင်သာ ချန်ထားခဲ့ရန် ခေါင်းဆောင်နှစ်ဦးအကြား သဘောတူခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly