အမေရိကန်နှင့် တင်းမာမှုကြောင့် ပိုမိုနီးကပ်စေရာမှ ရှီကျင့်ဖျင်နှင့် ပူတင်တို့ တွေ့ဆုံ

အမေရိကန်နှင့် တင်းမာမှုကြောင့် ပိုမိုနီးကပ်စေရာမှ ရှီကျင့်ဖျင်နှင့် ပူတင်တို့ တွေ့ဆုံ

 

ပေကျင်း၊ ဇွန် ၈ ။           ။ အမေရိကန်နှင့် သံတမန်ရေးနှင့် စီးပွားရေး စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရစဉ် အိမ်နီးချင်း အင်အားကြီး နှစ်နိုင်ငံ ပိုမိုနီးကပ်မှုကို ဖြစ်စေရာမှ တရုတ်သို့ နို်င်ငံတော်ခရီးစဉ်အဖြစ် ဇွန် ၈ ရက်က ရောက်ရှိလာသည့် ရုရှသမ္မတ ပူတင်အား သမ္မတ ရှီကျင့်ဖျင်က ကြိုဆိုဧည့်ခံသည်။

မတ်လအတွင်းက လေးကြိမ်မြောက် ရာထူးသက်တမ်း ပြန်လည်အရွေးခံရသော ပူတင်သည် ယခုနှစ်တွင် ဖွဲ့စည်းပုံ အကန့်အသတ်များ ပယ်ဖျက်လိုက်ခြင်းကြောင့် ရာသက်ပန် အာဏာပိုင်စိုးသွားနိုင်တော့မည်ဖြစ်သည့် သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးမှုများအတွက် ပေကျင်းရှိ ပြည်သူ့မဟာခန်းမဆောင်သို့ ရောက်ရှိလာခြင်းလည်း ဖြစ်သည်။

အဆိုပါ ခန်းမဆောင်တွင်းသို့ မဝင်ရောက်မီ နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုမှုကို ခံယူကာ အလံများ ဝှေ့ယမ်းကာ ကြိုဆိုကြသည့် ကလေးငယ်များနှင့်လည်း တွေ့ဆုံသည်။

တရုတ်နှင့် ရုရှနှစ်နိုင်ငံစလုံးအား အမေရိကန်၏ အကျိုးစီးပွားနှင့် စံနှုန်းများကို စိန်ခေါ်နေသော စီးပွားရေးပြိုင်ဖက်များဟု သမ္မတ ထရမ့်က တံဆိပ်တပ်ထားခြင်းလည်း ဖြစ်ကာ ဆယ်စုနှစ်များအတွင်း အာဏာအရှိဆုံး ရုရှနှင့် တရုတ်ခေါင်းဆောင်များ ဖြစ်ကြသည့် ရှီကျင့်ဖျင်နှင့် ပူတင်တို့သည် ပိုမိုရင်းနှီးသည့် ဆက်ဆံရေးကို ထူထောင်ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags