မြန်မာခရီးသည်တင်လေယာဉ် ရေခဲခြင်းနှင့် တွေ့ကြံုသော်လည်း စင််ကာပူလေဆိပ်သို့ ချောမွေ့စွာရောက်ရှိ

မြန်မာခရီးသည်တင်လေယာဉ် ရေခဲခြင်းနှင့် တွေ့ကြံုသော်လည်း စင််ကာပူလေဆိပ်သို့ ချောမွေ့စွာရောက်ရှိ

ဇွန် ၈။       ။ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ ဦးတည်ပျံသန်းလာသော မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်သည် ပျံသန်းနေစဉ် ပြင်းထန်သော ရေခဲခြင်းနှင့် တွေ့ကြံုသော်လည်း စင််ကာပူလေဆိပ်သို့ ချောမွေ့စွာ ရောက်ရှိကြောင်း သိရသည််။

ဇွန်လ ရရက်နေ့၊ နံနက် ရ နာရီ ၁၈ မိနစ် အချိန်တွင် ခရီးစဉ်အမှတ် UB001 လေယာဉ်သည် ရန်ကုန်လေဆိပ်မှ စင်ကာပူ၊ ချန်ဂီလေဆိပ်သို့ အမြင့်ပေ ၃၇၀၀၀ မှ ပျံသန်းနေစဉ်  ပျံသန်းချိန်မိနစ် ၅၀ ခန့်အကြာ မြိတ်မြို့ အနောက်ဘက် မိုင် ၃၀ ခန့် အကွာတွင် Severe icing ( ပြင်းထန်သောရေခဲခြင်း) ဖြစ်ပေါ်ကာ Air speed လျှင်မြန်စွာကျဆင်းခြင်း ကြံုတွေ့ခဲ့ခြင်း ဖြစ်သည်။

လေယာဉ် ခရီးသည် ၁၃၄ ဦး ပါရှိပြီး လေယာဉ်၏ Computer system မှ air speed low warning and stick shaker warning များပေးခဲ့ရာအမြင့်ပေ ၃၇၀၀၀ တွင် ဆက်လက်ထိမ်သိန်းနိုင်စွမ်းမရှိသဖြင့် auto pilot ဖြုတ်ကာ ပေ ၂၅၀၀၀ သို့ဆင်းသက်ခဲ့ကြောင်း Myanmar National Airline ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ လျှင်မြန်စွာ ဆင်းသက်ရခြင်းကို လေယာဉ်မှူးက သက်ဆိုင်ရာလေကြောင်းထိန်းသို့ သတင်းပို့ခဲ့ပြီး အမြင့်ပေ ၂၅၀၀၀ အရောက်တွင် လေယာဉ်အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သဖြင့် လေကြောင်းထိန်းဌာနသို့ သ တင်းပို့ပြီး စင်ကာပူသို့ ဆက်လက်ထွက်ခွာခဲ့ရာ စင်ကာပူစံတော်ချိန် နံနက် ၁၁ နာရီ ၄၀မိနစ် အချိန်တွင် စင်ကာပူလေဆိပ်သို့ အဆင်ပြေချောမွေ့စွာဖြင့် ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် လေယာဉ်နှင့် လေယာဉ်ပေါ်တွင် လိုက်ပါသည့် လူများတစ်စုံတစ်ခုမျှ ထိခိုက်မှု မရှိခဲ့ကြောင်းသိရသည်။

၎င်း လေယာဉ်၏ လေယာဉ်မှူး ဦးမျိုးနောင်ဝင်းနှင့် တွဲဘက် လေယာဉ်မှူး ဦးရဲပြည့်ခိုင် ဖြစ်ပြီး နောက် နောင်တွင် MNA မှ လုံခြံုရေးနှင့် ဘေးကင်းမှုကို ဦးစားပေးအဖြစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း MNA မှ သတင်းထုတ်ပြန်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly