ကာကွယ်ရေးနှင့် လုံခြံုရေးဘတ်ဂျက်သစ် ဒေါ်လာ တစ်ဆယ်ဘီလီယံ ထိုင်းစစ်အစိုးရ တောင်းခံ

ကာကွယ်ရေးနှင့် လုံခြံုရေးဘတ်ဂျက်သစ် ဒေါ်လာ တစ်ဆယ်ဘီလီယံ ထိုင်းစစ်အစိုးရ တောင်းခံ

ဘန်ကောက်၊ ဇွန် ရ ။            ။ ထိုင်းနိုင်ငံတွင် စစ်အစိုးရက လာမည့်နှစ်စ၌ ကျင်းပပေးမည် ကတိပေးထားသည့် ရွေးကောက်ပွဲ မတိုင်မီ စစ်တပ်အတွက် ပိုသာသော ရန်ပုံငွေ ရယူနိုင်မှု နောက်ဆုံးအခွင့်အရေးအဖြစ် ကာကွယ်ရေးနှင့် လုံခြံုရေး ဘတ်ဂျက်သစ် အမေရိကန်ဒေါ်လာ တစ်ဆယ်ဘီလီယံကို ဇွန် ရ ရက်က တောင်းခံသည်။

ထိုင်းနိုင်ငံတွင် အခါအားလျော်စွာ ပေါ်ပေါက်သော စစ်အာဏာသိမ်းမှုများအတွင်း ဗိုလ်ချုပ်ကြီးများက ဘတ်ဂျက် တိုးမြှင့်တောင်းခံသည့် အစဉ်အလာအတိုင်းပင် ၂၀၁၄ ခုနှစ်က အရပ်သားအစိုးရထံမှ အာဏာသိမ်းခဲ့သည့် ယခင်စစ်တပ်အကြီအကဲ ပရာယွတ်ချန်အိုချာ အုပ်ချုပ်မှု စတင်ချိန်မှစကာ စစ်အသုံးစရိတ် ကြီးထွားနေလျက်ရှိသည်။

စစ်အစိုးရ အရိပ်အောက်က အမျိုးသားလွှတ်တော်က တင်ပြသော ၂၀၁၉ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်စာရင်းတွင် ကာကွယ်ရေးအတွက် ဒေါ်လာ ရ ဘီလီယံ တင်ပြထားရာ အာဏာသိမ်းသည့် လေးနှစ်အလွန်မှစကာ ဒေါ်လာ တစ်ဘီလီယံ များပြားလာခြင်းပဲ ဖြစ်သည်။

ထိုပြင် နိုင်ငံဖြတ်ကျော် မူခင်းများ၊ ဆိုင်ဘာတိုက်ခိုက်မှုနှင့် ထိုင်းတော်ဝင်အသိုင်းအဝန်း ကာကွယ်ပေးမှု၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးမှုကို ထိန်းသိမ်းနိုင်ရေးနှင့် ခြိမ်းခြောက်မှုသစ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးတို့အတွက် လုံခြံုရေးအသုံးစရိတ်အနေဖြင့် ဒေါ်လာ သုံးသန်း တောင်းခံထားသည်။

တစ်နိုင်ငံလုံး၏ ဘတ်ဂျက်အသုံးစရိတ် အဆိုပြု တောင်းခံမှုမှာ ဒေါ်လာ ၉၄ ဘီလီယံဖြစ်ပြီး အများဆုံး ဘတ်ဂျက်မှာ ပညာရေးဝန်ကြီးဌာနဖြစ်ကာ ဒေါ်လာ ၁၅ ဒဿမ ၃ ဘီလီယံ လျာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly