စမ်းချောင်း၊ ပဒုမ္မာပန်းခြံဘေးမှ စျေးဆိုင်များ ဖယ်ရှားခိုင်းလျှင် ဆန္ဒဖော်ထုတ်မည်ဟုဆို

စမ်းချောင်း၊ ပဒုမ္မာပန်းခြံဘေးမှ စျေးဆိုင်များ ဖယ်ရှားခိုင်းလျှင် ဆန္ဒဖော်ထုတ်မည်ဟုဆို

ရန်ကုန် ဇွန် ၆ ။           ။ ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ပဒုမ္မာပန်းခြံလမ်း ဘေးမှ စျေးဆိုင်ခန်းများကို ဖယ်ရှားခိုင်းမည် ဆိုလျှင် ဆန္ဒဖော်ထုတ်မှုများဆောင်ရွက်သွားမည်ဟု စျေးဆိုင်ခန်း ဖွင့်လှစ်ရောင်းချသူများက ပြောသည်။

စည်ပင်သာယာရေးကော်မတီက ပဒုမ္မာပန်း ခြံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင် ရွက်ရန် ငှားရမ်းထားသည့် စျေးဆိုင်ခန်း ပေါင်း ၅၂ ခန်းကို ဖယ်ရှားခိုင်းနေခြင်း ဖြစ် သည်။

စည်ပင်သာယာရေးကော်မတီက စျေးဆိုင်ခန်း မိသားစုများ၏ စားဝတ်နေရေး အဆင်ပြေအောင် အစားထိုးနေရာချထားပေးခြင်းမရှိဘဲ ဖယ်ရှားခိုင်းနေခြင်းဖြစ်သည်ဟု စျေးဆိုင်ခန်း ပိုင်ရှင် ဦးနိုင်ဇော်က မဇ္ဈိမသို့ ပြောသည်။

" ကျွန်တော်တို့ ၅၂ ခန်းမိသားစုရဲ့ စားဝတ် နေရေးကို အဆင်ပြေအောင် အစားထိုးပေး မယ်လည်း တစ်ခွန်းမှမပြောဘူး၊ ကျွန်တော် တို့ဘက်က စီမံကိန်းမစမချင်း ဆက်လက် ရောင်းချခွင့်ပေးဖို့တောင်းဆိုထားတယ်၊ စီမံကိန်းစရင်လည်း မဖယ်ပေးဘူး မဟုတ် ဘူး၊ ဖယ်ပေးမယ်၊ ကျွန်တော်တို့မိသားစုကို တစ်ခြားကုစားပေးဖို့ရာ တင်ပြထားတယ်၊ အဲဒါလည်း အခုထိတော့ အဖြေမသိရသေး ဘူး၊ ဋ္ဌာနဆိုင်ရာက ဘယ်လိုကူညီမယ်လို့ တော့ ပြောမထားသေးဘူး" ဟု စျေးဆိုင်ခန်း ပိုင်ရှင် ဦးနိုင်ဇော်က ပြောသည်။

အဆိုပါ စျေးဆိုင်ခန်းများသည် ၁၉၉၂ ခုနှစ် ကတည်းက စည်ပင်သာယာရေးကော်မတီ ၊ ပန်းဥယျဉ်နှင့် အားကစားကွင်းများဋ္ဌာနက မြေငှားစာချုပ်ဖြင့် ငှားရမ်းထားခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့က စျေးဆိုင်ခန်း များကို အပြီးသတ်ပြန်လည်အပ်နှံရန် စတင် အကြောင်းကြားခဲ့ပြီး မတ်လ ၁၆ ရက်နေ့တွင် ဆိုင်ခန်းအငှားချထားခြင်းရပ်စဲကြောင်းနှင့် ၁၅ ရက်အတွင်း အပြီးပြောင်းရွှေ့ရန် အကြောင်း ကြားထားကြောင်း သိရသည်။

"ကျွန်တော်တို့မှာ အစီအစဉ်ရှိပါတယ်၊ ကျွန် တော်တို့က အစွမ်းကုန်ညှိနှိုင်းမယ်၊ လုပ် ဆောင် တောင်းဆိုသွားမယ်၊ လူထုမြင်သာ အောင် ဆန္ဒထုတ်ဖော်သင့်ရင် ထုတ်ဖော်ဖို့ အစီစဉ်ရှိပါတယ်" ဟု စျေးဆိုင်ခန်း ပိုင်ရှင် ဦးကျော်ဝင်းက ပြောသည်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပဒုမ္မာပန်းခြံ အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင် ရွက်ရန် စည်ပင်သာယာရေးကော်မတီက ဇွန် လ ၅ ရက်နေ့တွင် မြေတိုင်းတာခြင်းလုပ်ငန်း များ စတင်ပြုလုပ်ခဲ့သည်။

ယခုဘဏ္ဍာနှစ်တွင် ဆိုင်းခန်းများ ငှားရမ်း ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ပြီး စျေးဆိုင်ခန်းများကို ဖယ်ရှားရန် အကြောင်းကြားခဲ့သော်လည်း မဖယ်ရှားသည့်အတွက် ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု ပန်းဥယျဉ်နှင့် အား ကစားကွင်းများဋ္ဌာန၊ ဒုတိယဋ္ဌာနမှူး ဦးမင်းအောင်က ပြောသည်။

" အခုချိန်ထိအောင်တော့ ကျွန်တော်တို့ကို အပ်နှံခြင်းမရှိသေးတဲ့အတွက် ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းနဲ့အညီ နို့တစ်စာပေးခြင်း၊ ဒုတိယအကြိမ် နို့တစ်စာပေးခြင်း၊ပြီးခဲ့တဲ့ တစ်နေ့ကပဲ တတိယအကြိမ်နို့တစ်စာပေး တဲ့အနေနဲ့ စာပေးထားပါတယ်၊ ကျန်တဲ့ အပိုင်းကတော့ ကျွန်တော်တို့ ကော်မတီရဲ့ ညွှန်ကြားချက် လုပ်ထုံးလုပ်နည်း၊ ဥပဒေတွေ နဲ့အညီ ဆက်လက်ပြီးဆောင်ရွက်သွားမှာ ဖြစ် ပါတယ်၊ ဘယ်လိုလုပ်မယ်၊ ဘယ်အချိန်မှာ လုပ်မယ်ဆိုတာ တိတိကျကျတော့ ကျွန်တော် တို့ ပြောပြလို့ မရသေးပါဘူး" ဟု ပန်းဥယျဉ် နှင့် အားကစားကွင်းများဋ္ဌာန၊ ဒုတိယဋ္ဌာနမှူး ဦးမင်းအောင်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး စျေးဆိုင်ခန်းပိုင်ရှင် များက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင် ရာ ဋ္ဌာနများသို့ စုပေါင်းလက်မှတ်ရေးထိုးပြီး အသနားခံစာတင်ပြထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly