နျူကလီးယားအရေး၌ စိတ်ကူးမယဉ်ကြရန် ဥရောပအား အီရန်နိုင်ငံဦးသျှောင် သတိပေး

နျူကလီးယားအရေး၌ စိတ်ကူးမယဉ်ကြရန် ဥရောပအား အီရန်နိုင်ငံဦးသျှောင် သတိပေး

 

တီဟီရန်၊ ဇွန် ၅ ။          ။ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုသစ်များအောက်မှာပင် အီရန်နိုင်ငံက နျူကလီးယားစီမံကိန်းကို ဆက်လက်လျှော့ချဖြတ်တောက်ရမည်ဆိုကာ ဥရောပခေါင်းဆောင်များအနေဖြင့် စိတ်ကူးယဉ်မနေသင့်ကြောင်း အီရန်နိုင်ငံဦးသျှောင် ခိုမေနီက ဇွန် ၅ ရက်တွင် သတိပေးပြောလိုက်သည်။

“ဥရောပတစ်ချို့နိုင်ငံတွေဆီက ကြားနေရတယ်။ အီရန်ပြည််သူတွေဟာ ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်တွေကို သည်းခံကြမှာဖြစ်သလို လိုက်နာကြမယ်လို့ သူတို့ မျှော်လင့်ထားတယ်ဆိုတာကိုပါ။ ကျွန်တော်တို့ဟာ သူတို့တွေနဲ့ အတူတကွ လိုက်နာပြီး ကျွန်တော်တို့ရဲ့ နျူကလီးယားစွမ်းအင်စီမံကိန်းတွေကို စွန့်လွှတ်မယ်။ ဆက်လက်ပြီးလည်း စည်းမျဉ်းတင်းကြပ်တာတွေကြား လိုက်နာနေမယ်လို့   မျှော်လင့်နေကြတယ်။”ဟု တီဟီရန်တွင် ပရိသတ်အား ခိုမေနီက ပြောသည်။

“ဒီနိုင်ငံတွေကို ကျွန်တော် ပြောလိုတာက ဒီစိတ်ကူးယဉ်အိပ်မက်ဟာ ဘယ်တော့မှ အမှန်ဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို သူတို့ သတိထားဖို့ပဲ။”ဟု ၎င်းက ပြောသည်။

သမိုင်းဝင် အီရန်နျူကလီးယားသဘောတူညီမှုမှ အမေရိကန်နုတ်ထွက်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် ကြေညာထားပြီး တစ်လနီးပါးအတွင်း ခိုမေနီက ယခုကဲ့သို့ ပြောလာခြင်းလည်း ဖြစ်သည်။

ယင်း သဘောတူညီမှုတွင် ကျန်နေခဲ့သော ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီနှင့် ရုရှစသည့် မိတ်ဖက်နိုင်ငံများက အီရန်ကို အမေရိကန်နိုင်ငံက ဆန်ရှင်သစ်များ ချမှတ်နိုင်ရန် အသင့်ပြင်လျက်ရှိစဉ် အဆိုပါ ၂၀၁၅ နျူကလီးယားသဘောတူညီမှု မပျက်ပယ်သွားရေးအတွက် ကျားကုတ်ကျားခဲ လုံးပမ်းလျက် ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly