ဦးလေးအရင်းမှ ၁၀ နှစ်အရွယ် တူမအရင်းကို သားမယားပြုကျင့်

ဦးလေးအရင်းမှ ၁၀ နှစ်အရွယ် တူမအရင်းကို သားမယားပြုကျင့်

ဇွန် ၃ ရက်၊ မုံရွာ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အလုံရပ်ကွက် ရွှေတံခါးနယ်မြေတွင် ဇွန်လ ၂ ရက် ညနေ ၅ နာရီအချိန်က ဦးလေးအရင်းဖြစ်သူမှ ၁၀ နှစ်အရွယ် တူမအရင်း သားမယားပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့မရဲစခန်း စခန်းမှူး ကျင်စိန်၏ ပြောပြချက်အရ သိရသည်။

မိခင်မှာ သမီးဖြစ်သူကို ဆပ်ပြာမှုန့်ထုပ်သွားဝယ်ခိုင်းရာ ပြန်ရောက်လာခြင်းမရှိသည့်အတွက် စျေးဆိုင်များသို့ သွားရောက်ရှာဖွေရာ မတွေ့ရှိသောကြောင့် နေအိမ်သို့ ပြန်လာ၍ စောင့်ဆိုင်း နေရာမှ သမီးဖြစ်သူ အဝတ်အစားများ ပေကျံနေပြီး ပြန်လည်ရောက်ရှိလာသဖြင့် မေးမြန်းခဲ့ရာ ခင်ပွန်း၏ ညီအရင်းဖြစ်သူ အောင်အောင်က  အလုံရပ်ကွက်အတွင်းရှိ ရပ်တိရပ်သာဘုရားအနောက်ဖက်သို့ လက်တွဲခေါ်သွားကာ သာမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အရွယ်မရောက်သေးသော ကလေးငယ်အား သာမယားပြုကျင့်ခဲ့သည့် အောင်အောင်ကို မုံရွာမြို့မရဲစခန်း (ပ)၈၅၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly