ကျွံကျသွားသော ရွှေပန်းပင်ချောင်းရေကျော်တံတား ယာယီလမ်းလွှဲ ဆောင်ရွက်ထား

ကျွံကျသွားသော ရွှေပန်းပင်ချောင်းရေကျော်တံတား ယာယီလမ်းလွှဲ ဆောင်ရွက်ထား

ဇွန် ၁ ။             ။ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ၊ တောင်တွင်းကြီး-နတ်မောက်သွားကားလမ်းပေါ်ရှိ ရွှေပန်းပင်ချောင်း ရေကျော်တံတား သည် မေလ ၃၀ရက်နေ့ ညနေပိုင်းက ၆ ဘီးတွဲယာဉ်ဖြတ်သန်းစဉ် ကျိုးပဲ့ ပျက်စီးသွားခဲ့ခြင်းကြောင့် ယာယီလမ်းလွှဲဆောင်ရွက် ပြီးစီးခဲ့ကြောင်း မြို့သစ်မြို့နယ်လမ်းဦးစီးဌာနမှသိရသည်။

မြို့သစ်မြို့နယ်တွင်  မေလ ၂၉ ရက်နေ့ ည ရ နာရီအချိန်မှစတင်၍ လေကြီးမုန်တိုင်းတိုက်ကာ မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့သစ်မြို့နယ် အတွင်းရှိ   ချောင်းများတွင်   ချောင်းရေများကျဆင်းခဲ့ကြောင်း၊ မေလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၄၀မိနစ် အချိန်ခန့်က ယာဉ်များဖြတ်သန်းစဉ် ရွှေပန်းပင်ရေကျော်တံတားမှာ ပြိုကျပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။

တံတားမှာ အကျယ် (၂၄)ပေ အလျားအရှည် (၁၅၀)ပေရှိပြီး ကျောက်ရိုးစီ ကွန်ကရစ် ကြမ်းခင်းရေကျော် တံတားဖြစ်ပြီး ရန်ကုန်မြို့ နှင့်မန္တလေးမြို့များ သိ့ု ကုန်ကားများ၊ ခရီးသွားကားများ များစွာသွားလာသည့်လမ်းဖြစ်ကာ  မြို့သစ်မြို့နှင့် ၅ မိုင်ခန့်အကွာ မိုင်တိုင်အမှတ် ( ၂၁/၃နှင့်၂၁/၄ ) ကြားတွင်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးနှင့် လမ်းဦးစီးဌာနမှ ဒု/ညွှန်ကြားရေးမှူးများ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်ဆွေ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည်  မေ ၃၁ ရက်နေ့ နေ့လည် ၂နာရီအချိန်တွင်ရောက်ရှိခဲ့ပြီး ခရီးသွားပြည်သူများသွားလာမှုအဆင်ပြေစေရေး ယာယီလမ်းလွှဲအား ဖောက်လုပ်စေခဲ့ကြောင်း သိရသည်။

" ဒီနေ့ ယာယီလမ်းလွဲပြီးစီးလို့ ကုန်ကားကြီးတွေ သွားလာလို့မရပေမဲ့လည်း ခရီးသွားကားငယ်များ သွားလာနိုင်မှာဖြစ်ပါတယ်" ဟု မြို့နယ်တလမ်းဦးစီးဌာနာဝန် တာဝန်ခံအင်ဂျင်နီယာဒေါ်ခင်ပို့ပို့လွင် ကပြောသည်။

"အခုလောလောဆယ် အများပြည်သူ သွားလာလွယ်ကူစေဖို့ ယာယီလမ်းလွဲ ဖောက်ပေးထားပါတယ်၊ ဒီနေရာမှာ တန်(၅၀)ခန့် ခံနိုင်ရည်ရှိတဲ့ သံဘေလီတံတား တည်ဆောက်မှာပါ။ နေပြည်တော်တံတားတည်ဆောက်ရေးအဖွဲ့နှင့် ပူးပေါင်းကာ (၇) ရက် အတွင်း အမြန်ဆုံး ပြီးစီးအောင် ဆောက်လုပ်သွားမှာပါ" ဟု ဝန်ကြီးဦးတင်နွယ်ဦးက ပြောသည်။

"ယာယီလမ်းလွဲပြီးစီးလို့ ကုန်ကားကြီးတွေ သွားလာလို့မရပေမဲ့လည်း ခရီးသွားကားငယ်များ သွားလာနိုင်မှာဖြစ်ပါတယ်" ဟု မြို့နယ်တလမ်းဦးစီးဌာနာဝန် တာဝန်ခံအင်ဂျင်နီယာဒေါ်ခင်ပို့ပို့လွင် ကပြောသည်။    

ယာယီလမ်းလွှဲကို မေလ ၃၁ ရက်မှစတင်ကာ ကားငယ်များ ဖြတ်သန်းသွားလာနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly