ဗြိတိန်ရှိ ဘုရားကျောင်းတွင် နှစ် ရ၀၀ ကျော် တိမ်မြုပ်ပျောက်ကွယ်နေသော တော်ဝင်ပြခန်းအား ပထမဆုံးအဖြစ် ပြည်သူအား ဖွင့်လှစ်ပြသမည်

ဗြိတိန်ရှိ ဘုရားကျောင်းတွင် နှစ် ရ၀၀ ကျော် တိမ်မြုပ်ပျောက်ကွယ်နေသော တော်ဝင်ပြခန်းအား ပထမဆုံးအဖြစ် ပြည်သူအား ဖွင့်လှစ်ပြသမည်

လန်ဒန်၊ မေ ၃၀ ။       ။ ဗြိတိန်နိုင်ငံက Westminster Abbey ခရစ်ယာန်ဘုရားကျောင်းတွင် တော်ဝင်နန်းတော်ဆိုင်ရာ ပြခန်းအား နှစ် ရ၀၀ အတွင်း ပထမဆုံးအဖြစ် အများပြည်သူကို ဖွင့်လှစ်ပြသရန် ရှိကြောင်း မေ ၂၉ ရက်က အီးပီအေသတင်းထောက် ရရှိခဲ့သည့် မှတ်တမ်းတစ်ရပ်အရ သိရသည်။

ဘုရားကျောင်း မြေညီထပ်မှ ၁၆ မီတာ အမြင့်တွင် ရှိသော ဘုရင်မကြီး၏ စိန်ရတုနှစ်ပတ်လည် ပြခန်းကို ဖွင့်လှစ်ပြသခြင်း ဖြစ်ပြီး ဘုရားကျောင်းသမိုင်း ကာလအများစုတွင် ဧည့်သည်များ လာရောက်ခွင့် မရှိသော ပြခန်းနေရာပဲဖြစ်ကြောင်း ဘုရားကျောင်းက ထုတ်ပြန်သည်။

“နှစ် ရ၀၀ နီးပါး တိမ်မြုပ်ပျောက်ကွယ်နေခဲ့တာပါ။ ဒီလျှို့ဝှက်ရာ နေရာကို ရှာဖွေတွေ့ရှိပြီး ယခင်က အများပြည်သူကို ဖွင့်လှစ်ပြသဖူးခြင်း မရှိတဲ့ အခန်းပါပဲ။”ဟု ဘုရားကျောင်း ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

ခင်းကျင်းပြသထားသည့် တော်ဝင်ပစ္စည်းများတွင် ဟင်နရီ ရ ဘုရင်ကြီး၏ ဦးခေါင်းပုံစံတူ၊ ဘုရင်ကြီး၏ ကွယ်လွန်ဟန်မျက်နှာဖုံး ပုံစံတူနှင့် ဘုရင်မကြီး မေရီ ၁ ၏ စျာပနပုံစံတူတို့လည်း ပါဝင်သည်။

“လှပတဲ့ ၁၃ ရာစုလက်ရာတွေနဲ့ ဒီပြခန်းဟာဆိုရင် ကျွန်တော်တို့ရဲ့ ကြီးမြတ်လှတဲ့ ရတနာသိုက်ပါပဲ။ ဒီပြခန်းက ပြောနေတာက ကျွန်တော်တို့ရဲ့ ထောင်စုနှစ်ချီ သမိုင်းကြောင်းကိုပါပဲ။”ဟု ဘုရားကျောင်းက ပြောထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly