ဖိလစ်ပိုင်ရှိ အမျိုးသားမော်ကွန်းတိုက် မီးလောင်ကျွမ်း

ဖိလစ်ပိုင်ရှိ အမျိုးသားမော်ကွန်းတိုက် မီးလောင်ကျွမ်း

မေ ၂၈ ။           ။ ဖိလစ်ပိုင်နိုင်ငံက အမျိုးသား မော်ကွန်းတိုက် အဆောက်အအုံမှာ မေလ ၂၈ ရက်က မီးအကြီးအကျယ် လောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြို့တွင်းရှိ မီးသတ်သမားများ အဆိုပါ မီးလောင်မှုကို လာရောက်ပူးပေါင်းငြိမ်းသတ်ခဲ့ရာ ယခုအခါ မီးထိန်းလိုက်နိုင်ပြီဖြစ်သည်။

အဆိုပါ မီးသည် ဒေသစံတော်ချိန် ၁၂ နာရီ ခွဲခန့်က မြေယာ စီမံခန့်ခွဲရေး ဗျူရို တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယင်းနောက် အမျိုးသားမော်ကွန်းတိုက်ရှိသည့် Juan Luna အဆောက်အဦးအပါအဝင် အနီးအနား အဆောက်အအုံများကို ကူးစက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ သုံးဦး ရှိခဲ့သည်။

အဆိုပါ အဆောက်အအုံများသည် စစ်ကြိုခေတ် အဆောက်အအုံများ ရှိနေသည့် မနီလာမြို့ Binondo အရပ်တွင် တည်ရှိသည်။

ယခု မီးလောင်ကျွမ်းခဲ့သည့် ဖိလစ်ပိုင် မော်ကွန်းတိုက် NAP သည် အရေးကြီးသည့် မှတ်တမ်းမှတ်ရာများ စုစည်းသိမ်းဆည်းထားသည့် အေဂျင်စီဖြစ်ပြီး ယင်းတွင် စပိန်နှင့်အမေရိကန် ကိုလိုနီခေတ်တုန်းက အထောက်အထားများပါ ရှိနေသည်ဟု သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် အရေးကြီးသည့် မှတ်တမ်းမှတ်ရာများ ဆုံးရှုံးမှု မဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly