ဖြစ်နိုင်ခြေရှိ ဒေါ်နယ်ထရမ့်နှင့် ကင်မ်ဂျံုအန်းတို့အကြား အစည်းအဝေး မွန်းဂျေအင်းလည်း ပူးပေါင်းပါ၀င်နိုင်

ဖြစ်နိုင်ခြေရှိ ဒေါ်နယ်ထရမ့်နှင့် ကင်မ်ဂျံုအန်းတို့အကြား အစည်းအဝေး မွန်းဂျေအင်းလည်း ပူးပေါင်းပါ၀င်နိုင်

မေ ၂၈ ။            ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်းတို့အကြား ဖြစ်လာနိုင်ခြေရှိ စင်ကာပူထိပ်သီးအစည်းအဝေးမှာ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းလည်း ပူးပေါင်းပါ၀င်နိုင်ခြေ ရှိကြောင်း ဆိုးလ်မြို့ သမ္မတအိမ်တော်က ထုတ်ပြန်ပြောကြားလိုက်သည်။

သမ္မတ မွန်းဂျေအင်းအနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင်၊ အမေရိကန်သမ္မတတို့နှင့် သုံးပွင့်ဆိုင် စည်းဝေးဖို့အတွက် ဇွန်လမှာ စင်ကာပူကို ခရီးသွားနိုင်ဖွယ် ရှိကြောင်း ဆိုးလ်မြို့ သမ္မတအိမ်တော်က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ခရီးစဉ်ကတော့ လာမည့် ဇွန်လ ၁၂ ရက် ၀န်းကျင်ဖြစ်နိုင်သည်ဟု ဆိုသည်။

" ဆွေးနွေးမှုတွေကတော့ စနေပါပြီ၊ အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား ဒီ ထိပ်သီးအစည်းအဝေးနဲ့ပတ်သက်လို့ ဘယ်လိုရလဒ်ထွက်လာမလဲ စောင့်ကြည့်နေရတုန်းပါ၊ သူတို့ရဲ့ ရလဒ်အပေါ် မူတည်ပြီး ကျွန်တော်တို့ သမ္မတအနေနဲ့ စင်ကာပူမှာ သမ္မတ ထရမ့်၊ ဥက္ကဌ ကင်မ်တို့နဲ့ သွားပူးပေါင်းနိုင်ပါတယ်" ဆိုပြီး တောင်ကိုရီးယား အစိုးရအရာရှိတစ်ဦးက ပြောသည်။

စင်ကာပူတွင် ဇွန်လ ၁၂ ရက်၌ ပြုလုပ်သွားရန် မူလက စီစဉ်ထားခဲ့သော ထရမ့်နှင့် ကင်မ်အကြား ထိပ်သီးအစည်းအဝေးမှာ ယခုအခါ မတင်မကျဖြစ်နေလျက်ရှိသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဘက်က အဆိုပါ အစည်းအဝေးကို ဖျက်သိမ်းကြောင်း ပြီးခဲ့သည့်အပတ်က ထုတ်ဖော်ခဲ့သော်လည်း ယင်းနောက်ပိုင်း အစည်းအဝေးမှာ မူလ စီစဉ်ထားသည့်အတိုင်း ပြန်ဖြစ်နိုင်ခြေရှိနေကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့သည်။

အလားတူ အဆိုပြုထားသည့် ၎င်းနှင့် ကင်မ်အကြား အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် အမေရိကန်ကိုယ်စားလှယ်အဖွဲ့တစ်ခု မြောက်ကိုရီးယားသို့ သွားရောက်နေကြောင်း မေလ ၂၇ ရက်က ထရမ့်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly