လန်ဒန်၊ မေ ၁၇ ။ ။ ဗြိတိန်တော်ဝင် မင်းသား ဟာရီနှင့် မက်ဟန်းမာကဲလ်တို့၏ ဝင်ဆာရဲတိုက်တွင် လက်ထပ်မင်္ဂလာပွဲ ကျင်းပသည့် အခမ်းအနားသို့ ဗြိတိန်ပြည်သူများ အတူပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲရန် လမ်းဘေးပါတီပွဲများ၊ လဟာပြင်ပိတ်ကားကြီးများ စသည်တို့ကို ပြင်ဆင်ကာ အသင့်ရှိနေပြီဖြစ်သည်။
တော်ဝင်မင်္ဂလာပွဲတွင် ကျင်းပမြဲပွဲလမ်းသဘင်မှာ ငါးမျိုးငါးသွယ် ရှိသည်။ သတို့သမီးပါတီနှင့် သတို့သား ပါတီကျင်းပခြင်းတွင် ဟာရီမင်းသားအနေဖြင့် အစ်ကိုဖြစ်သူနှင့် ဝင်ဆာအနီးရှိ ကြယ်ငါးပွင့်အဆင့်ဟိုတယ်တစ်ခုတွင် ကျင်းပမည်ဖြစ်ကာ သတို့သမီး မာကဲလ်က မိခင်ဖြစ်သူနှင့် သတို့သမီးပါတီကို ကျင်းပမည်ဖြစ်သည်။
နောက်ထပ် ကျင်းပသည့် ပျော်ပွဲရွှင်ပွဲမှာ လမ်းဘေးပါတီပွဲများ ကျင်းပခြင်းဖြစ်သည်။ တတိယပွဲသဘင်အဖြစ် သေသောက်ကျူးနေ့ဖြစ်ကာ စတုတ္တ မပါမဖြစ်အဖြစ် လဟာပြင်ပိတ်ကားကြီးများပဲ ဖြစ်သည်။
ထိုပိတ်ကားကြီးများဖြင့် ပြည်သူများက လက်ထပ်မင်္ဂလာပွဲကို ရှုစားကြမည် ဖြစ်သည်။
ငါခုမြောက် ပွဲသဘင်အဖြစ် ရီပတ်ဘရီကန်ညီလာခံကို ကျင်းပခြင်းပဲ ဖြစ်သည်။
မင်းသား ဟာရီနှင့် မာကဲလ်တို့၏ တော်ဝင်မင်္ဂလာပွဲအား မေ ၁၉ ရက်တွင် ကျင်းပတော့မည် ဖြစ်သည်။