ဘိုးဘွားရိပ်သာများကို လှူဒါန်းမယ့် ပရဟိတရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ကျင်းပသွားမည်

ဘိုးဘွားရိပ်သာများကို လှူဒါန်းမယ့် ပရဟိတရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ကျင်းပသွားမည်

မေ ၁၄ ၊ ရန်ကုန် ။             ။ ဒေါ်သန်းမြင့်အောင်တည်ထောင်ထားတဲ့ ဆည်းဆာရိပ်ဂီလာနဘိုးဘွားရိပ်သာနဲ့ အနုပညာ ဆည်းဆာဘိုးဘွားများရိပ်သာအတွက် အနုပညာသစ်ပြတိုက်ဖောင်ဒေးရှင်းမှ ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဒီရန်ပုံငွေဖျော်ဖြေပွဲကို ဇွန်လ ၂ရက်နေ့ညနေပိုင်း အမျိုးသားကဇာတ်ရုံမှာကျင်းပမှာလည်းဖြစ်ပြီး မေလ ၁၄ရက်နေ့က orchid hotel မှာ သတင်းစာရှင်းပွဲလုပ်ခဲ့ပါတယ်။

ရန်ပုံငွေဂီတဖျော်ဖြေပွဲကြီးမှာ စိန်ဝင်းထွန်း၊ချမ်းချမ်း၊အေသင်ချိုဆွေ၊ဇွဲပြည့်၊နန်းခင်ဇေယျာ၊ရတနာမိုင်၊ပွင့် နဲ့အခြားအနုပညာရှင်များစွာ ပါ၀င်ဖျော်ဖြေသွားမှာဖြစ်ပြီး ဆည်းဆာရိပ်ဂီလာနဘိုးဘွားရိပ်သာနဲ့
အနုပညာဆည်းဆာဘိုးဘွားများရိပ်သာအတွက်ရည်ရွယ်ပြီးလှူဒါန်းသွားမှာဖြစ်ပါတယ်။

"တေးရေး၊တေးဆို မင်းကိုက စတင်ပြီးဖြစ်ပေါ်လာတဲ့ စိတ်ကူးနဲ့ ကျွန်မရဲ့ဆည်းဆာရိပ်ဂီလာနဘိုးဘွားရိပ်သာနဲ့ အနုပညာဆည်းဆာဘိုးဘွားများရိပ်သာများအတွက်ကို သူရဲ့အနုပညာနဲ့ ရန်ပုံငွေရှာပေးမယ့် ပွဲလေးဖြစ်ပါတယ် "လို့ ဆည်းဆာရိပ်ဂီလာနဘိုးဘွားရိပ်သာနဲ့ အနုပညာဆည်းဆာဘိုးဘွားများရိပ်သာတည်ထောင်ခဲ့တဲ့ စာရေးဆရာ ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။

တေးရေး မင်းကို တစ်ကိုယ်တော်ရေးသားထားတဲ့တေးသီချင်းတွေကို ရုပ်ရှင်၊ဂီတ အနုပညာရှင်များက ရန်ပုံငွေအတွက် ဖျော်ဖြေသီဆို်သွားမှာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာ တေးရေးမင်းကိုရဲ့ သီချင်းသစ် ၂၀ကျော်ပါ၀င်မှာဖြစ်ပြီး အရင်ထွက်ခဲ့ပြီးသား သီချင်း ၃ပုဒ်လောက်ပါ၀င်သွားမှာလို့လဲ သိရပါတယ်။

"ကျွန်တော့်သီချင်းတွေနဲ့လုပ်တဲ့ ရန်ပုံငွေပွဲကြီးက ဒါပထမဦးဆုံးပါ၊ အရှေ့မှာတော့ တခြား အနုပညာရှင် တွေရဲ့သီချင်းတွေနဲ့ ပရဟိတရန်ပုံငွေပွဲတွေ တော်တော်များများလုပ်ခဲ့ပါတယ်၊ အဓိကကတော့ လူတိုင်း ၀င်ကြည့်ပြီးတော့ ဒီအလှူပွဲလေးကိုစိတ်ဝင်စားအောင်လူတိုင်း လှူချင်တန်းချင်အောင်၊ အနုပညာရှင် အမြောက်အမြားကလည်း ပိုပြီးတော့မှ ပရဟိတဘက်မှာ လုပ်ချင်လာအောင် ကျွန်တော်ကနေပြီးတော့မှ ပထမဦးဆုံးစတင်လုပ်ခြင်းပါ" လို့ တေးရေးမင်းကိုက ပြောပါတယ်။

လက်မှတ်စျေးနှုန်းများကိုတော့ ၅ထောင်ကျပ်ကနေစပြီး ၅သောင်းကျပ်အထိ သတ်မှတ်ထားတာဖြစ်ပြီး ပွဲ အနေအထားအပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်လို့ တေးရေးမင်းကိုက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly