ဖိလစ်ပိုင်တွင် ကျေးရွာကောင်စီနှင့် လူငယ်ကောင်စီ ရွေးကောက်ပွဲများ နိုင်ငံအနှံ့ ကျင်းပ

ဖိလစ်ပိုင်တွင် ကျေးရွာကောင်စီနှင့် လူငယ်ကောင်စီ ရွေးကောက်ပွဲများ နိုင်ငံအနှံ့ ကျင်းပ

မနီလာ၊ မေ၁၄ ။           ။ ဖိလစ်ပိုင်တွင် ကျေးရွာကောင်စီနှင့် လူငယ်ကောင်စီရွေးကောက်ပွဲများ နိုင်ငံအနှံ့ စတင်ကာ မဲရုံများ ဖွင့်လှစ်ရာ ကွီဇွန်မြို့တွင် ထောင်ပေါင်းများစွာသော ပြည်သူများက မဲရုံများသို့ လာရောက်မဲပေးကြသည်။

မဲပေးရာ မေ ၁၄ ရက်နေ့ကို အများပြည်သူ အလုပ်နားရက် သတ်မှတ်ထားပြီး ပါဆောင်နှင့် ကူလက်ခရိုင်များရှိ မဲရုံများတွင် အသက်အရွယ်စုံ လူတန်းကြီးက မဲပေးရန် စောင့်ဆိုင်းနေကြသည်။

ဖိလစ်ပိုင်တွင် အစိုးရအောက်ခြေအဆင့်ကိုယ်စားပြုသော ဘာရန်ဂေးဆိုသည့် ခရိုင်ကောင်တီမဲနေရာသည် နိုင်ငံအနှံ့ ၆၇၁၀၀၀ နေရာ ရှိသည်။

ဒေသန္တရကောင်စီမဲများဖြစ် SK မဲများကမူ လူငယ်ထုကိုယ်စားလှယ်များ ရွေးချယ်သည့် မဲများဖြစ်သည်။

အသက် ၁၅ နှစ်မှ ၁၇ နှစ်အရွယ် လူငယ်များက SK မဲများ ပေးနိုင်ခွင့် ရှိသည်။

ကွီဆွန်မြို့ပြဧရိယာတွင် ဆူပူမှုများ မရှိသော်လည်း နိုင်ငံ၏အခြားနေရာများတွင် မဲဆွယ်ပွဲများ စတင်သည့် ဧပြီ ၄ ရက်မှစပြီး ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် အခင်းဖြစ်ရပ်များအတွင်း လူပေါင်း ၃၃ ဦး သေဆုံးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly