ရွေးကောက်ပွဲရှုံးပြီးနောက် ပါတီဥက္ကဌအဖြစ်မှ နုတ်ထွက်ကြောင်း နာဂျစ် ကြေညာ

ရွေးကောက်ပွဲရှုံးပြီးနောက် ပါတီဥက္ကဌအဖြစ်မှ နုတ်ထွက်ကြောင်း နာဂျစ် ကြေညာ

 

မေ ၁၂ ။                 ။ မလေးရှားရွေးကောက်ပွဲ၌ မမျှော်လင့်ဘဲ အရေးနိမ့်သွားခဲ့ပြီးနောက် ပါတီအကြီးအကဲ ရာထူးမှ နုတ်ထွက်ကြောင်း ၀န်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက်က မေလ ၁၂ ရက်မှာ ထုတ်ဖော်ပြောဆိုသွားသည်။

နိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော် အာဏာရရှိထားခဲ့ပြီး ယခုရွေးကောက်ပွဲတွင်ကျမှ ရှုံးနိမ့်သွားခဲ့ရသည့် ဘာရီဆန် နေရှင်နယ် BN ညွှန့်ပေါင်းအုပ်စုနှင့် ယင်း၏ အဓိကပါတီ အကြီးအကဲ အဖြစ်မှ နုတ်ထွက်ကြောင်း နာဂျစ်က ကြေညာသွားသည်။

"UMNO နဲ့ BN ဥက္ကဌ အဖြစ်ကနေ ဆင်းဖို့ ဆုံးဖြတ်လိုက်ပါပြီ" ဆိုပြီး နာဂျစ်က သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပ ပြောဆိုသွားသည်။

ညီညွတ်သော မလေးအမျိုးသားအဖွဲ့ချုပ် UMNO သည် ညွန့်ပေါင်းအုပ်စုတွင် အဓိက ပါတီလည်း ဖြစ်သည်။

ကျင်းပပြီးစီးသွားသည့် ရွေးကောက်ပွဲတွင် အသက် ၉၂ နှစ်အရွယ် ၀န်ကြီးချုပ်သစ် မဟာသီယာ မိုဟာမက် ဦးဆောင်သည့် အတိုက်အခံ မဟာမိတ်အုပ်စုက BN ပါတီအပေါ် အနိုင်ရသွားခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly