နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အိန္ဒိယ ပြည်ပရေးရာဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အိန္ဒိယ ပြည်ပရေးရာဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

 

မေ ၁၁ ။            ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး Sushma Swaraj အား မေလ ၁၁ ရက်က လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

" နှစ်နိုင်ငံအကြား ကဏ္ဍစုံမှာ တိုးမြှင့် ပူးပေါင်းလုပ်ဆောင်သွားရေး ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်" ဆိုပြီး အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Raveesh Kumar က တွစ်တာကနေတဆင့် ပြောသည်။

အိန္ဒိယ ပြည်ပရေးရာဝန်ကြီး Sushma Swaraj သည် မြန်မာနိုင်ငံသို့ မေလ ၁၀ မှ ၁၁ ရက်အထိ နှစ်ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ယမန်နေ့ကလည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တွေ့ဆုံထားခဲ့သေးသည်။

ယင်းအပြင် အိန္ဒိယ ပြည်ပရေးရာဝန်ကြီး Sushma Swaraj သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့သေးသည်ဟု သိရသည်။

သူမ၏ ယခုခရီးစဉ်သည် မြန်မာနှင့် အိန္ဒိယ အကြား အဆင့်မြင့်လယ်ဗယ် အပြန်အလှန် ဆက်ဆံမှု တစ်စိတ်တစ်ဒေသအဖြစ် လာရောက်ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် အိန္ဒိယသည် မြန်မာနိုင်ငံအတွက် အဓိကကျသည့် ဖွံ့ဖြိုးမှုပံ့ပိုးရေး ပူးပေါင်းလုပ်ကိုင်နေပြီး မြန်မာနိုင်ငံတွင်လည်း အခြေခံအဆောက်အအုံ စီမံကိန်းများ ဖော်ဆောင်လုပ်ကိုင်နေလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly