နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန် ထိုင်းနိုင်ငံသို့ ဘရာဇီးနိုင်ငံခြားရေးဝန်ကြီး လာရောက်

နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန် ထိုင်းနိုင်ငံသို့ ဘရာဇီးနိုင်ငံခြားရေးဝန်ကြီး လာရောက်

ဘန်ကောက်၊ မေ ၉ ။          ။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး နည်းလမ်းများကို ဆွေးနွေးရန် ထိုင်းနိုင်ငံသို့ ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးသည် မေ ၉ ရက်က ပထမဆုံးရက်အဖြစ် လာရောက်ပြီး အဆင့်တူထိုင်းနိုင်ငံခြားရေးဝန်ကြီးအပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ထိုင်းဝန်ကြီးချုပ်အား ဂါရဝပြုတွေ့ဆုံသည့် ဘရာဇီးနိုင်ငံခြားရေးဝန်ကြီး အလွိုင်စီယိုနူနက်စ်ဖာရီးယားသည် ထိုင်းတာဝန်ရှိသူများနှင့် စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ကိစ္စရပ်များကို ဆွေးနွေးကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရုံးက ထုတ်ပြန်သည်။

ရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်ရေးကိစ္စရပ်များကိုလည်း နူနက်စ်က ဆွေးနွေးမည်ဖြစ်သကဲ့သို့ မေ ၁၀ ရက်တွင် အဆုံးသတ်မည့် ၎င်း၏ခရီးစဉ်အတွင်း လုံခြံုရေးနှင့် ကာကွယ်ရေးကိစ္စရပ်များကိုပါ ဆွေးနွေးမည်။

၎င်းခရီးစဉ်အတွင်း ဘရာဇီးနှင့် ထိုင်းနိုင်ငံ သံတမန် တည်ထောင်မှု ၂၀၁၉ တွင် နှစ် ၆၀ ပြည့်မြောက်အခမ်းအနားအတွက် ပြင်ဆင်မှုလုပ်ငန်းများ အစပျိုးဖြစ်ဖွယ်လည်း ရှိသည်။

နူနက်စ်သည် အာရှခရီးစဉ်အစိတ်အပိုင်းအဖြစ် စင်ကာပူသို့ သုံးရက်တာ သွားရောက်ခဲ့ပြီးနောက် မေ ၉ ရက်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly