ဟာဝိုင်ယီတွင် မီးတောင်ပေါက်ကွဲမှုကြောင့် လူအများ ဘေးလွတ်ရာ ရွှေ့ပြောင်း

ဟာဝိုင်ယီတွင် မီးတောင်ပေါက်ကွဲမှုကြောင့် လူအများ ဘေးလွတ်ရာ ရွှေ့ပြောင်း

 

ဟာဝိုင်ယီ၊ မေ ၄ ။                        ။ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီကျွန်းရှိ ကီလာအူယာမီးတောင် မေ ၃ ရက်က ပေါက်ကွဲမှုဖြစ်ရာ အနီးဝန်းကျင် လူနေရပ်ကွက်များမှ   ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ထားသည်။

၂၀၁၀ သန်းခေါင်စာရင်းအရ လူဦးရေ ၁၅၀၀ ကျော် နေထိုင်ရာ လီလာနီအရပ်တွင် အက်ကွဲကြောင်းများမှ အငွေ့့များနှင့် ချော်ရည်ပူများ ယိုစီးစိမ့်ထွက်နေကြောင်း ဒေသအာဏာပိုင်များက ပြောသည်။

“လီလာနီနဲ့ လန်နီပူနာဥယျာဉ်အရပ်မှာ ပြည်သူတွေ မပြောင်းမနေရ ရွှေ့ပြောင်းမိန့် ထုတ်ထားပါပြီ။”ဟု ဟာဝိုင်ယီစီရင်စုအရပ်ဖက်ကာကွယ်ရေး အေဂျင်စီက တွစ်တာတွင် ရေးသားသည်။

စင်တာတစ်ခုအားလည်း ရွှေ့ပြောင်းသူများအတွက် ယာယီခိုလှုံရေးစခန်းအဖြစ် အာဏာပိုင်များက ဖွင့်လှစ်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အင်အား ၅ အဆင့်ရှိ ငလျင်များ လှုပ်ပြီးနောက် မေ ၃ ရက်တွင် ကီလာအူလာမီးတောင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းပဲ ဖြစ်သည်။

ယင်းမီးတောင်သည် ဟာဝိုင်ယီကျွန်း၏ အရှေ့တောင်ပိုင်းတွင် တည်ရှိသော မီးတောင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly