ဒုရဲမှူးမိုးရန်နိုင်အား မယုံကြည်ရသည့်သက်သေအဖြစ် အစိုးရဘက်မှ လျှောက်လဲချက်အား တရားရုံးပယ်ချ

ဒုရဲမှူးမိုးရန်နိုင်အား မယုံကြည်ရသည့်သက်သေအဖြစ် အစိုးရဘက်မှ လျှောက်လဲချက်အား တရားရုံးပယ်ချ
ဓာတ်ပုံ - AFP

မေ ၂ ။            ။ ဒုရဲမှူး မိုးရန်နိုင်အား မယုံကြည်ရသည့် သက်သေအဖြစ် ကြေညာပေးရန် အစိုးရဘက်မှ လျှောက်လဲချက်အား မြောက်ပိုင်းခရိုင်တရားရုံးမှ  ယနေ့ မေလ ၂ ရက် ရုံးချိန်းတွင် ပယ်ချခဲ့ပြီး ယုံကြည်ရသည့်သက်သေအဖြစ် ဆက်လက်စစ်ဆေးသွားမည် ဟု သိရသည်။

ရိုက်တာသတင်းသမားများကို ထောင်ချောက်ဆင်ဖမ်းဆီးရန် ရဲမှူးချုပ် တင်ကိုကိုက စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့ခြင်းအပေါ် ဒုရဲမှူးမိုးရန်နိုင်အား မယုံကြည့်ရသည့် သက်သေအဖြစ် ကြေညာပေးရန် ဧပြီလ ၂၅ ရက်နေ့က ပြုလုပ်သည့် တရားရုံးချိန်းတွင် အစိုးရရှေ့နေဘက်က လျှောက်လဲချက် ပေးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ရိုက်တာသတင်းသမားများ အမှုတွင် ဒုရဲမှူး မိုးရန်နိုင်သည် အစိုးရတရားလိုပြသက်သေအဖြစ် ခရိုင်​တရားရုံး၌ ဧပြီလ ၂ဝ ရက်​​နေ့က လာ​ရောက်​ထွက်ဆိုခဲ့သည်။

ယင်​းအမှုနှင်​့ပတ်​သက်​ပြီး ယ​နေ့ ​မေလ ၂ ရက်​၊ နံနက်​ပိုင်​း၊ ရန်​ကုန်​​မြောက်​ပိုင်​းခရိုင်​တရားရုံးတွင်​ ရိုက်​တာသတင်​း​ထောက်​ ၂ ဦးကို ၁၆ ကြိမ်​​မြောက်​ ရုံးထုတ်​ခဲ့ပြီး တရားလိုပြသက်​​သေ ဒုရဲမှူးမိုးရန်နိုင်အား ယုံကြည်​ရသည်​့ သက်​​သေအဖြစ်​​ ဆက်​လက်​စစ်​​ဆေးရန်​ ခရိုင်​တရားသူကြီးက ​အမိန့်ချ​ခဲ့ခြင်​းဖြစ်​သည်​။

" ဒုရဲမှူးမိုးရန်​နိုင်​ရဲ့ သက်​​သေထွက်​ခ​ျက်​ကို ရုံးက​နေပြီး​တော့မှ မယုံကြည်​ထိုက်​တဲ့ သက်​​သေမဟုတ်​ဘူး။ ဆန့်ကျင်​ဘက်​အားဖြင်​့ ယုံုကြည်​ထိုက်​သူ​ပေါ့ဗျာ။ ဒီလိုအတည်​ပြုလိုက်​တာပဲ။ ယုံကြည်​​လောက်​တဲ့သက်​​သေထဲ ထည်​့စဉ်​းစားမယ်​လို့​ပြောလိုက်​တာပဲ "ဟု သတင်းထောက်နှစ်ဦးဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

အမှတ်(၈)လုံခြံုရေးရဲတပ်ဖွဲ့ခွဲ၌ တာဝန်ကျနေသည့် ဒုရဲမှူး မိုးရန်နိုင်သည် ရိုက်တာသတင်းဌာနမှ  သတင်း ထောက် နှစ်ဦး ဖြစ်သည့်  ကိုဝလုံး(ခ) ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦးတို့ကို တွေ့ဆုံပြီး အင်တာဗျူး ဖြေပေးခဲ့ခြင်းကြောင့် ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် ဧပြီလ၂၉ ရက်က ရဲတရားရုံးမှ  ထောင်ဒဏ် တစ်နှစ် ချမှတ်ထားသည်။

 ရဲစည်းကမ်းဖေါက်ဖျက်မှု ဥပဒေ အခန်း ၁၆ (ခ)နှင့်  အခန်း ၂၂ တွင် စည်းကမ်းဖောက်ဖျက်မှုကျူးလွန်ကြောင်း ဆုံးဖြတ်ခံရသူအား ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်နိုင်သည်ဟု ရေးသားထားသည်။ ယ​နေ့ ​မေလ ၂ ရက်​​နေ့ရုံးချိန်​းတွင်​ တရားရုံးသို့ ဒုရဲမှူးမိုးရန်​နိုင်​ လာ​ရောက်​ခဲ့ခြင်​း မရှိ​ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly