အာစင်ဝင်းဂါးကို အထွေထွေမန်နေဂျာအဖြစ် ပီအက်စ်ဂျီအသင်းကမ်းလှမ်းလို

အာစင်ဝင်းဂါးကို အထွေထွေမန်နေဂျာအဖြစ် ပီအက်စ်ဂျီအသင်းကမ်းလှမ်းလို

 

ဧပြီ ၂၈၊ လန်ဒန်။             ။ ပီအက်စ်ဂျီအသင်းသည် အာစင်ဝင်းဂါးကို အထွေထွေမန်နေဂျာအဖြစ်ကမ်းလှမ်းလိုနေသော်လည်း ဝင်းဂါးကမူ နည်းပြအလုပ် ကိုသာ ပိုမိုလိုလားလျှက်ရှိသည်။

ပီအက်စ်ဂျီအသင်းနည်းပြ အယ်ခီလိုင်ဖီသည် ဝင်းဂါးနှင့်ရင်းနှီးသူတစ်ဦးဖြစ်ပြီး ရာသီကုန်တွင်အသင်းမှထွက်ရတော့မည့် အာဆင်နယ်နည်းပြအတွက် နေရာတစ်နေရာ ရှာဖွေပေးချင်နေသည်။

သို့သော် လက်ရှိနည်းပြအမ်မရီနှင့် ရာသီကုန်တွင်လမ်းခွဲမည့် ပီအက်စ်ဂျီအသင်းမှာ နည်းပြသစ်အဖြစ် တူချယ်နှင့် သဘောတူညီမှုရထားပြီးဖြစ်ရာ ယင်းသဘောတူညီမှုကို ပြောင်းလဲရန်မလွယ်သည့် အနေအထားဖြစ်သည်။

သို့ဖြစ်ရာ ဝင်းဂါးမှာ တူချယ်နှင့် ပီအက်စ်ဂျီဘုတ်အဖွဲ့ကြား ကြားခံဆောင်ရွက်ပေးမည့် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတစ်ဦးအဖြစ် စဉ်းစားခံနေရခြင်းဖြစ်သည်။

သို့သော် အသက် ၆၈ နှစ်အရွယ် နည်းပြမှာ နေ့စဉ်နှင့်အမျှ လေ့ကျင့်ရေးကွင်းဆင်းနေရသည့် နည်းပြအလုပ်ကိုသာ ပိုမို စိတ်အားထက်သန်နေသည်ဟု ယူဆရသည်။

အသက်အရွယ်ရနေပြီသော်လည်း ကြံ့ခိုင်နေဆဲနှင့် နေ့စဉ်စိန်ခေါ်မှုများရှိနေသည့် နည်းပြ အလုပ်ကို လုပ်ကိုင်နိုင်စွမ်းရှိနေဆဲဟု ယုံကြည်နေသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly