လာမည့် ဓနသဟာယနိုင်ငံများဦးသျှောင်အဖြစ် သားဖြစ်သူ ချားလ်မင်းသားကို ဘုရင်မကြီး အမည်တင်သွင်း

လာမည့် ဓနသဟာယနိုင်ငံများဦးသျှောင်အဖြစ် သားဖြစ်သူ ချားလ်မင်းသားကို ဘုရင်မကြီး အမည်တင်သွင်း

လန်ဒန်၊ ဧပြီ ၁၉ ။           ။ ဓနသဟာယနိုင်ငံများ ဦးသျှောင်ဖြစ်သော ဘုရင်မကြီး အယ်လ်လိဇဘတ် ၂ က ဓနသဟာယနိုင်ငံများညီလာခံကို ဧပြီ ၁၉ ရက်တွင် ဖွင့်လှစ်ကျင်းပသည်။

ဘုရင်မကြီး၏ နေရာတွင် သားဖြစ်သူကို ဆက်လက်အရိုက်အရာ ဆက်ခံစေလိမ့်မည်ဟု မျှော်လင့်ပြောဆိုချက်များ အကောင်အထည် ပေါ်လာတော့ဖွယ်ရှိသည့် ညီလာခံတစ်ရပ်ပဲ ဖြစ်သည်။

ဧပြီ ၂၁ ရက်တွင် သက်တော် ၉၁ နှစ် ပြည့်မည့် ဘုရင်မကြီး အယ်လ်လိဇဘတ်က အများစုက ကိုလိုနီဟောင်းနိုင်ငံများဖြစ်သည့် ဓနသဟာယနို်င်ငံ ၅၃ နို်င်ငံမှ အကြီးအကဲ ခေါင်းဆောင်များကို ဘက်ကင်ဟမ်နန်းတော်တို့ ကြိုဆိုပြီး ညီလာခံကို နှစ်ရက်တာ ကျင်းပမည်ဖြစ်သည်။

အဆိုပါ ညီလာခံတွင် ကုန်သွယ်ရေး၊ ရေကြောင်းကာကွယ်ရေးနှင့် ဆိုင်ဘာရာဇဝတ်မှုများကို နှိမ်နင်းရေးတို့ အပါအဝင် ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်သည်။

အဖွင့်မိန့်ခွန်းတွင် ဘုရင်မကြီးက “ဓနသဟာယနိုင်ငံတွေ ဆက်လက်တည်ငြိမ်ရေးနဲ့ အနာဂတ်မျိုးဆက်များအထိ ရှိနေရေးဟာ ကျွန်မရဲ့ ရိုးရှင်းတဲ့ ဆန္ဒပါ။ ဒီကနေ့မှာ ဝေလမင်းသားကို ဓနသဟာယနိုင်ငံများ ဦးသျှောင်အဖြစ် ဆုံးဖြတ်ကြလိမ့်မှာ ဖြစ်ပါတယ်။”ဟု ၎င်း၏ သားတော်ဖြစ်သူ ချားလ်မင်းသားအား ရည်ညွန်းကာ နောင်လာမည့် ဦးသျှောင်အဖြစ် အမည်စာရင်း တင်သွင်းလို်က်ခြင်းဖြစ်သည်။

ဓနသဟာယခေါင်းဆောင်များအနေဖြင့် ဘုရင်မကြီး၏ အရိုက်အရာကို မည်သူဆက်ခံသူ ဖြစ်သင့်ကြောင်းအား ဧပြီ ၂၀ ရက် ညီလာခံနောက်ဆုံးရက်တွင် ဆွေးနွေးကြလိမ့်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly