ရန်ကုန်တိုင်းအတွင်း သင်္ကြန်အကျနေ့တစ်ရက်တည်းတွင် ခါးပိုက်နှိုက်မှု ၁၃ မှု ဖြစ်ပွား

ရန်ကုန်တိုင်းအတွင်း သင်္ကြန်အကျနေ့တစ်ရက်တည်းတွင် ခါးပိုက်နှိုက်မှု ၁၃ မှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီးအတွင်း သင်္ကြန်အကျနေ့ကာလအတွင်း ခါးပိုက်နှိုက်မှု ၁၃ မှု ဖြစ်ပွားခဲ့ပြီး လသာမြို့နယ် မှ ၁၀ မှု၊ ကျောက်တံတားမြို့နယ်မှ ၂ မှု၊ လှိုင်သာယာမြို့နယ်မှ ၁ မှု စုစုပေါင်း ခါးပိုက်နှိုက်မှု ၁၃ မှု ဖမ်းဆီးရမိခဲ့သည်။

သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များတွင် ရေကစားနေသူများထံမှ ခါးပိုက်နှိုက်မှု ကျူးလွန်ခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်သည်။

ဧပြီ ၁၄ ရက်နေ့တွင် အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းရှိ အမှတ်(၄) ရပ်ကွက်၊ SKY NET ရေကစား မဏ္ဍပ်ရှေ့တွင် ရေကစားနေသူထံမှ ရွှေပြည်သာမြို့နယ်နေ မင်းသူ (ခ)ကရင် (ခ)ဖားကြီး (၄၈)နှစ်က ငွေ (၉၀၀၀)ကျပ်၊ MY TEL ရေကစားမဏ္ဍပ်တွင် ရေကစားနေသူများ ထံမှ ဒလမြို့နယ် နေသူများဖြစ်သည့် ဇွဲကိုဦး(ခ) နိုင်ဇော်(၁၇)နှစ်က ငွေ(၅၄၅၀)ကျပ်၊ အောင်အောင်(ခ)ဆင်မ(၁၇)နှစ်က ရေစိုခံအိတ်(၁)လုံး၊ စစ်နိုင်(၂၈)နှစ်နှင့် ဇော်ဝင်းထွဋ် (၂၁)နှစ်တို့က WAVE အမျိုးအစား အပြာရောင် လက်ကိုင်ဖုန်း(၁)လုံး နှင့် Hopo အမျိုးအစား ငွေမှင်ရောင်လက်ကိုင်ဖုန်း(၁)လုံး၊ထက်အောင်စန်း(၁၉)နှစ်က ငွေ(၁၀၀၀၀)ကျပ်၊ ကြည့့်မြင်တိုင်မြို့နယ်နေ ကိုမင်း(၂၁)နှစ်က ငွေ(၅၀၀၀)ကျပ်တို့အား နှိုက်ယူနေသည်ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်ထိပ်ရေကစားမဏ္ဍပ်တွင် ရေကစားနေသူထံမှ လှိုင်သာယာ မြို့နယ်နေသူများဖြစ်သည့် တင်ထူး(၂၅)နှစ်နှင့် သီဟကျော်(၂၂)နှစ်တို့က ငွေ ၁၂၀၀၀ ကျပ်အား နှိုက်ယူနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly