သင်္ကြန်​အကျ​နေ့တွင် ရန်​ကုန်အတွင်း ​ခါးပိုက်​နှိုက်​ ၅ ဦးဖမ်​းမိ

သင်္ကြန်​အကျ​နေ့တွင် ရန်​ကုန်အတွင်း ​ခါးပိုက်​နှိုက်​ ၅ ဦးဖမ်​းမိ

ရန်​ကုန်​တိုင်​း​ဒေသကြီးအတွင်​း ယ​နေ့ ဧပြီလ ၁၄ ရက်​၊ သင်္ကြန်​အကျ​နေ့တွင်​ ခါးပိုက်​နှိုက်​ ၅ ဦးဖမ်​းဆီးရမိခဲ့​ကြောင်​း ရန်​ကုန်​တိုင်​းရဲတပ်​ဖွဲ့မှ သတင်​းထုန်​ပြန်​သည်​။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များတွင် ရေကစားနေသူများထံမှ ခါးပိုက်နှိုက်မှု ကျူးလွန်သူများကို ​ဖော်​ထုတ်​ဖမ်​းဆီးလျက်​ရှိရာ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့ ရေကစားမဏ္ဍပ် တွင် ရေကစားနေသူထံမှ ဒဂုံဆိပ်ကမ်းမြို့နယ်နေ အသက် ၅၁ နှစ်အရွယ် ​​​ထွန်းနိုင်(ခ)ဘီးကျဲကြီးဆိုသူက ငွေ(၂၁၉၀၀)ကျပ်အား နှိုက်​ယူ​နေသည်​ကို ​တွေ့ရှိဖမ်​းဆီးခဲ့​ကြောင်​းသိရသည်​။

ထို့ပြင်​ လသာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ MY TEL ရေကစားမဏ္ဍပ်တွင် ဒလမြို့နယ်​​နေ အသက် ၂၉နှစ်အရွယ် ​​​သက်ဖြိုးဦးနှင့် အသက် ၃၂ နှစ်အရွယ် ​​သားထွေး(ခ) သက်ထွေးဆိုသူတို့ ၂ ဦးကိုလည်​း Honor အမျိုးအစား အနက်ရောင်ဖုန်း ၁ လုံးနှင့် ငွေ(၁၅၀၀၀)ကျပ်အား နှိုက်​ယူ​နေစဉ်​​တွေ့ရှိဖမ်​းဆီးခဲ့သည်​။

ယင်း​မဏ္ဍပ်တွင်​ပင်​ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ အသက် ၁၉ နှစ်အရွယ် ​​​ခင်မောင်အေး(ခ)ဟာဆန်းနှင့် အသက် ၁၇ နှစ်​အရွယ်​​မင်းမင်း(ခ)မွတ်နားဆိုသူတို့ ၂ ဦးကို ငွေ(၁၅၅၀၀)ကျပ် နှင်​့အတူ နှိုက်​ယူ​နေစဉ်​​တွေ့ရှိဖမ်​းဆီးခဲ့​ကြောင်​းသိရသည်​။

ထိုသို့ ​ရေကစားသူများထံမှ ခါးပိုက်​နှိုက်​​နေစဉ်​ ​တွေ့ရှိသဖြင်​့ ဖမ်​းဆီးရမိခဲ့​သော အဆိုပါ ၅ ဦးကို လက်​ရှိတွင်​သက်​ဆိုင်​ရဲစခန်​းအသီးသီးတွင်​ အမှုဖွင်​့အ​ရေးယူ​ထား​ကြောင်​း သိရသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly