အစ္စရေးတစ်ဦးကို ၀က်အူလှည့်ဖြင့် ထိုးမည့် ပါလက်စတိုင်းအား လမ်းသွားလမ်းလာက သေနတ်ဖြင့်ပစ်

အစ္စရေးတစ်ဦးကို ၀က်အူလှည့်ဖြင့် ထိုးမည့် ပါလက်စတိုင်းအား လမ်းသွားလမ်းလာက သေနတ်ဖြင့်ပစ်

ဂျေရုဆလင်၊ ဧပြီ ၉ ။            ။ သိမ်းပိုက်မြေ အနောက်ဖက်ကမ်းတွင်  ဧပြီ ၉ ရက်က လှည့်ကင်းအနီး အစ္စရေးတစ်ဦးကို ပါလက်စတိုင်းတစ်ဦးက ၀က်အူလှည့်ဖြင့် ထိုးသတ်ရန် လုပ်ရာတွင် လမ်းသွားလမ်းလာတစ်ဦးက လက်ဦးကာ သေနတ်ဖြင့် လှမ်းပစ်လိုက်ရကြောင်း ရဲဌာနက ပြောသည်။

အရှေ့ဂျေရုဆလင်က ဂျူးအိမ်ရာများအနီး မီရှောအဒူမင်း စက်မှုဇုန်နယ်မြေတွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“အစ္စရေးတစ်ဦးကို ပါလက်စတိုင်းတစ်ဦးက ထိုးသတ်ဖို့လုပ်တာကို ကားပေါ်က လူတစ်ဦး မြင်ပြီး လှမ်းပစ်လိုက်တာဖြစ်ပါတယ်။”ဟု ရဲက ဆိုသည်။

အဆိုပါ တိုက်ခိုက်ရန် လုပ်ဆောင်သည့် ပါလက်စတိုင်းက ဒဏ်ရာပြင်းထန်စွာရ၍ ဆေးရုံတင်ပို့ထားရကြောင်း ကျန်းမာရေးသတင်းရင်းမြစ်က ပြောသည်။

အစ္စရေး-ဂါဇာနယ်စပ်တစ်လျှောက်တွင် မတ် ၃၀ ရက်မှ စတင်သည့် ဆန္ဒပြပွဲများကြောင့် တင်းမာမှုများ မြင့်တက်လျက်ရှိပြီး အစ္စရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့မှုများတွင် ပါလက်စတိုင်း ၃၀ သေဆုံးသည်။

အစ္စရေးဖက်က သေဆုံးမှု မရှိပေ။

ပြီးခဲ့သည့်နှစ်များအတွင်း ပါလက်စတိုင်းတို့ဖက်က တစ်ကိုယ်ရည်တိုက်ခိုက်မှုများဖြင့် အစ္စရေးနိုင်ငံသားများကို တိုက်ခိုက်ခဲ့ခြင်းများ ရှိထားသဖြင့် အစ္စရေးအနေဖြင့် သတိထားနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly