မြောက်ကိုရီးယား၌ နိုင်ငံခြားသားများ ပါ၀င်ယှဉ်ပြိုင်သော မာရသွန်အပြေးပြိုင်ပွဲကျင်းပ

မြောက်ကိုရီးယား၌ နိုင်ငံခြားသားများ ပါ၀င်ယှဉ်ပြိုင်သော မာရသွန်အပြေးပြိုင်ပွဲကျင်းပ

ပြံုယမ်း၊ မြောက်ကိုရီးယား၊ ဧပြီ ၈ ။           ။ မြောက်ကိုရီးယားနိုင်ငံ ပြံုယမ်းမြို့၌ မာရသွန်အပြေးပြိုင်ပွဲကျင်းပခဲ့ပြီး နိုင်ငံခြားသား ၄၀၀ ကျော်ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြကာ နျူကလီးယားတင်းမာမှုပြသနာများကြောင့် အမေရိကန်တို့၏ ခရီးသွားလာခွင့်ပိတ်ပင်ခြင်းခံခဲ့ရ သော မြောက်ကိုရီးယားသို့ ခရီးသွားအနည်းငယ်သာလာရောက်လည်ပတ်သည့်အတွက် အပြေးပြိုင်ပွဲဝင်အရေ အတွက်မှာ မနှစ်ကထက်စာလျှင် တစ်ဝက်ကျော်ခန့်ပိုမိုနည်းပါးခဲ့သည်။

ပရိသတ်ပေါင်း ၄၇၀၀၀ ခန့်ဝင်ဆံ့သော အားကစားကွင်းကြီးထဲရှိ မြောက်ကိုရီးယား၏ တည်ထောင်သူဖခင်ကြီး နှင့် သူ၏သားဖြစ်သူ ကင်ဂျံုအီးလ်တို့၏ ပုံတူပန်းချီကားကြီးအောက်မှ အပြေးသမားများ ထွက်ပေါ်လာချိန်တွင် ပရိသတ်များက လက်ခုပ်သြဘာပေးခဲ့ကြသည်။

မာရသွန်အပြေးပြိုင်ပွဲသည် ၁၉၁၂ ခုနှစ်တွင်မွေးဖွားခဲ့သော မြောက်ကိုရီးယားနိုင်ငံတည်ထောင်သူဖခင်ကြီး ကင်မ်အီလ်ဆန်းအား အောက်မေ့ခြင်း အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီး   ပြုံယမ်းမြို့လမ်းမများပေါ်၌ ပြေးလွှားကာ မြို့ကြိီးအားကြည့်ရှုနိုင်သည့်အတွက် ယင်းကာလတွင် မြောက်ကိုရီးယားသို့ လာရောက်လည်ပတ် သူ များပြားလေ့ရှိသည်။

သို့သော်လည်း ပြီးခဲ့သောနှစ်ကစတင်ပြီး နျူကလီးယားလက်နက်နှင့် ဒုံးပျံများပစ်လွှတ်စမ်းသပ်မှုကြောင့် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများမြင့်တက်လာသည့်အတွက် ယခုနှစ်တွင် ခရီးသွားဧည့်သည်များ လာရောက်မှု နည်းပါးခဲ့သည်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုကလည်း အော့တိုဝမ်ဘီယာအမည်ရှိ ခရီးသွားတစ်ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်အတွက် အမေရိကန်ပြည်သူများကို မြောက်ကိုရီးယားသို့ ခရီးသွားလာခွင့်ပိတ်ပင်ခဲ့သလို အခြားနိုင်ငံများ ကလည်း ၄င်းတို့၏ပြည်သူများကို သတိပေးခဲ့သည့်အတွက် ယခုလိုနည်းပါးခဲ့ရခြင်းဖြစ်သည်။

တောင်ကိုရီးယား၌ကျင်းပသော ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအပြီးတွင် ကင်မ်ဂျံုအမ်းဘက်မှ တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်၊ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့နှင့် တွေ့ဆုံရန်သဘောတူညီထားခဲ့သော်လည်း ပြံုယမ်းအစိုးရအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများမှာမူ တည်ရှိနေဆဲဖြစ်သည်။

ယခုနှစ် ပြံုယမ်းမာရသွန်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်သော နိုင်ငံခြားသားအရေအတွက်မှာ ၄၂၉ ဦးရှိခဲ့ပြီး ပြီးခဲ့သော ၂၀၁၇ ခုနှစ်က ၀င်ရောက်ယှဉ်ပြိုင်သော နိုင်ငံခြားသားအပြေးသမား ၁၀၀၀ နှင့်နှိုင်းယှဉ်လျှင် ထက်ဝက်ကျော်ခန့် လျော့နည်းနေသည်ကို တွေ့မြင်ရသည်။

“ပြီးခဲ့တဲ့နှစ် နှစ်လယ်လောက်ကစပြီးတော့ ခရီးသွားလာမှုလုပ်ငန်းဟာ ယေဘူယျအားဖြင့် ပြိုလဲသွားခဲ့ပါတယ်။ နိုင်ငံရေးပဋိပက္ခတွေကြောင့် လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်အရေအတွက်ဟာ တစ်ဝက်လောက် ကို လျော့နည်းသွားခဲ့ပါတယ်” ဟု Koryo Tours ၏ အထွေထွေမန်နေဂျာဖြစ်သူ ဆိုင်မွန်ကော့ခါရဲလ်က ပြောခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly