မကြာခင် ပျောက်ကွယ်သွားမယ့်အရေး စိုးရိမ်နေရပြီဖြစ်တဲ့ ကမ္ဘောဒီးယားရဲ့ နာမည်ကြီး တာရန်ကျူလာ ပင့်ကူကြော်

မကြာခင် ပျောက်ကွယ်သွားမယ့်အရေး စိုးရိမ်နေရပြီဖြစ်တဲ့ ကမ္ဘောဒီးယားရဲ့ နာမည်ကြီး တာရန်ကျူလာ ပင့်ကူကြော်

 

ဧပြီ ရ ။                  ။ ကမ္ဘောဒီးယားနိုင်ငံရဲ့ နာမည်ကြီး စားစရာတစ်မျိုး ဖြစ်တဲ့ တာရန်ကျူလာ ပင့်ကူကြော် (tarantula) ကတော့ နိုင်ငံရဲ့ ဟင်းလျာ စားစရာများ စာရင်းထဲကနေ မကြာမီ ကွယ်ပျောက်သွားမယ့်အရေး ပူပန်နေရပြီဖြစ်တယ်လို့ သိရပါတယ်။

လက်ဖဝါးထဲ ထည့်လို့ဆံ့တဲ့ အရွယ်အစား ရှိ အမွှေးထူထူ ပင့်ကူကြော်တွေဟာဆိုရင် တစ်ချို့အတွက်ကတော့ အော်ဂလီဆန်စရာ ဖြစ်ချင်ဖြစ်နေနိုင်ပေမယ့်လည်း ကမ္ဘောဒီးယားမှာတော့ အဆိုပါ ကြက်သွန်ဖြူနံ့သင်းတဲ့ ပင့်ကူကြော်တွေကတော့ လူကြိုက်များတဲ့ နာမည်ကြီး စားစရာတစ်မျိုး ဖြစ်လို့နေပါတယ်။

သို့ပေမယ့် ယခုအခါမှာတော့ သစ်တောပြုန်းတီးမှုနဲ့အတူ ယင်းပင့်ကူတွေကို မဆင်မခြင် အလွန်အကျွံ ရှာဖွေဖမ်းဆီးမှုတွေကြောင့် မကြာခင်ကာလတွင်း ယင်းပင့်ကူတွေ ပျောက်ကွယ်သွားနိုင်တဲ့အပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေပြီလို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ ယင်း တာရန်ကျူလာ ပင့်ကူကြော်ကတော့ ပြည်တွင်းမှာ နာမည်ကြီးသလို  နိုင်ငံခြားသားတွေ ကြိုက်ကြတဲ့ စားစရာတစ်မျိုးလည်း ဖြစ်နေပါတယ်။

" ဒီပင့်ကူကြော်က ဒီမှာ အရမ်းနာမည်ကြီးတယ်လေ၊ ဒါပေမယ့် ခုတော့ ဒါတွေ အရင်ကလို သိပ် ပေါပေါများများ မရတော့ဘူး၊ ရှားပါးလာပါပြီ" ဆိုပြီး တာရန်ကျူလာ ပင့်ကူကြော် ရောင်းချသူ စျေးသည်တစ်ဦးဖြစ်တဲ့ ချီဗိုအန်က ပြောပြပါတယ်။

ခုချိန်မှာတော့ ယင်း ပင့်ကူတွေကို တောထဲမှာ အလွန်အကျွံ ဖမ်းယူနေမှုတွေကြောင့် ခုဆိုရင် ယင်းတို့ဟာ ရှားပါးပြီး စျေးပိုကြီးလာနေပြီလို့လည်း အခြားသော တာရန်ကျူလာ ပင့်ကူကြော် ရောင်းချသူ စျေးသည်တွေက ပြောကြားကြပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly