ဆန္ဒပြမှုများ ပြန်စတင်လာ၍ ဂါဇာနယ်စပ်တစ်လျှောက် ထိပ်တိုက်တွေ့မှုများ ပေါ်ပေါက်

ဆန္ဒပြမှုများ ပြန်စတင်လာ၍ ဂါဇာနယ်စပ်တစ်လျှောက် ထိပ်တိုက်တွေ့မှုများ ပေါ်ပေါက်

ဂါဇာစီးတီး၊ ဧပြီ ၆ ။            ။ ဂါဇာနယ်စပ်တစ်လျှောက်တွင် ဧပြီ ၆ ရက်က ဆန္ဒပြသူများ စုရုံးကြပြန်သဖြင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားပေါ်ပေါက်သည်။

အလားတူဆန္ဒပြမှုများသည် ဆူပူအကြမ်းဖက်မှုဆီ အသွင်ကူးပြောင်းခဲ့ပြီး အစ္စရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့မှုကြောင်း ၂၀၁၄ စစ်ပွဲနောက်ပိုင်း အသေအဆုံးအများဆုံး ထိပ်တိုက်တွေ့မှုများအဖြစ် လူပေါင်း ၁၉ ဦး သေဆုံးခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာတွင် ယခုတစ်ဖန် ဆန္ဒပြသူများက ဂါဇာနယ်စပ်တစ်လျှောက်တွင် ထပ်မံစုရုံး ဆန္ဒပြလာခြင်းလည်း ဖြစ်သည်။

နယ်စပ်စည်းရိုးတွင် ဆန္ဒပြသူ ပါလက်စတိုင်းများက ကားတာယာများ မီးရှို့ခြင်း၊ အစ္စရေးစစ်သားများအား ကျောက်တုံးကျောက်ခဲများဖြင့် ပစ်ပေါက်ကြခြင်းများကြောင့် အစ္စရေးစစ်သားများက မျက်ရည်ယိုဓာတ်ငွေ့များ၊ ကျည်စစ်များဖြင့် တုံ့ပြန်ပစ်ခတ်ကြောင်း အေအက်ဖ်ပီသတင်းထောက်က ပေးပို့သည်။

ဂါဇာစီးတီးအရှေ့ပိုင်းတွင် လူတစ်ဦး သေနတ်ထိမှန်ပုံရကြောင်း ယင်းနေရာသို့ ရောက်ရှိနေသည့် အေအက်ဖ်ပီဓာတ်ပုံသတင်းထောက်က ပြောသော်လည်း ၎င်း၏ အခြေအနေကို လတ်တလော ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဂါဇာစီးတီး၏ အရှေ့ဖက်နှင့် ပိတ်ဆို့ခံ ပါလက်စတိုင်းနယ်မြေ၏ တောင်ဖက်တွင်ရှိသော ခန်ယန်နစ်နယ်စပ်အရှေ့ပိုင်း တည်နေရာများတွင် ရာပေါင်းများစွာသော ဆန္ဒပြသူများ စုရုံးရောက်ရှိနေကြသည်။

ယခုဆန္ဒပြအင်အားမှာ ပြီးခဲ့သည့် သီတင်းပတ်အင်အားကထက် တော်တော်လေး နည်းပါးသော်လည်း မွတ်စလင်ဝတ်ပြုမှုအပြီး နေ့လယ်ပိုင်းတွင် ပိုမိုများပြားလာလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းရသည်။

အစ္စရေးစနိုက်ပါသမားများကို ကာကွယ်ရေးအတွက် မီးခိုးပိတ်ကာမှုဖြစ်အောင် ကားတာယာများကို စုပုံကာ မီးရှို့ကြခြင်းဖြစ်သည်။

ဂါဇာကမ်းမြောင်နယ်စပ်တစ်လျှာက် တည်နေရာ ငါးနေရာတွင် ပါလက်စတိုင်း ရာပေါင်းများစွာက ဆူပူအကြမ်းဖက်လျက်ရှိနေကြကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly