တောင်ကိုရီးယားဖျော်ဖြေပွဲကြည့်ရသည်က အရမ်းကို စိတ်လှုပ်ရှားရဟု ကင်ဂျုံးအွန် ပြော

တောင်ကိုရီးယားဖျော်ဖြေပွဲကြည့်ရသည်က အရမ်းကို စိတ်လှုပ်ရှားရဟု ကင်ဂျုံးအွန် ပြော

 

ပြုံယမ်း၊ ဧပြီ ၂ ။             ။  ပြုံယမ်းသို့ လာရောက်ဖျော်ဖြေသည့် တောင်ကိုရီးယား ပေါ့ပ်ကြယ်ပွင့်များ၏ ရှားရှားပါးပါး ဖျော်ဖြေပွဲသို့ မြောက်ကိုရီးုယားခေါင်းဆောင် ကင်ဂျုံးအွန်သည် တက်ရောက်ခဲ့ပြီး အလွန်စိတ်လှုပ်ရှားစရာ ကောင်းကြောင်း မှတ်ချက်ပြုပြောသည်ဟု နိုင်ငံပိုင်သတင်းက ဖော်ပြသည်။

တောင်ကိုရီးယား၏ ယဉ်ကျေးမှု လွှမ်းမိုးမှုဖြစ်သော K-Pop ဂီတဖျော်ဖြေမှု မြောက်ကိုရီးယားသို့ ရောက်ရှိလာခြင်းသည် ယခုလနောက်ပိုင်း ကိုရီးယားထိပ်သီးအစည်းအဝေး ကျင်းပရန်ရှိကာ ကျွန်းဆွယ်အရေး ငြိမ်းချမ်းမှုသို့ ဦးတည်နေသော သံတမန်ဆက်ဆံရေး ပြေလျော့မှု ဖြစ်လာလျက်ရှိစဉ် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

 အဆိုပါ  ဧပြီ ၁ ရက်က ကျင်းပသည့် တောင်ကိုးရီးယားဂီတဖျော်ဖြေပွဲတွင် ဂီတပညာရှင်များအပြင် အကသမား၊ နည်းပညာရှင်နှင့် ကိုယ်ခံပညာရှင် စသည့်ဖြင့် အဖွဲ့ဝင်ပေါင်း ၁၂၀ ပါဝင် ဖျော်ဖြေခဲ့ပြီး ဧပြီ ၃ ရက်တွင် နောက်ထပ်တစ်ပွဲ ဖျော်ဖြေရန် ရှိသည်။

ကင်ဂျုံးအွန်နှင့် ဇနီးဖြစ်သူ ယခင်က အဆိုတော်ဟောင်းဖြစ်သော ရီဆိုးဂျူတို့က ဧပြီ ၁ ရက် ပွဲသို့ လာရောက်ကြည့်ရှုခဲ့ခြင်းဖြစ်ကာ တောင်ကိုရီးုယားဖျော်ဖြေပွဲသို့ တက်ရောက်ကြည့်ရှုသည့်   မြောက်ကိုရီးယားခေါင်းဆောင်အဖြစ် မှတ်တမ်းတင်ခံရသည်။

“ခေါင်းဆောင်ဟာ ဧပြီအစောပိုင်းမှာ များမြောင်တဲ့ နိုင်ငံရေးရာအစီအစဉ်တွေကြောင့် အချိန်သိပ်မရှိလို့ ပြောပါတယ်။ ဒီကြားထဲက ဖိတ်ခေါ်ဖျော်ဖြေခိုင်းခဲ့တဲ့ တောင်ကိုရီးုယား အနုပညာဖျော်ဖြေပွဲကြောင့် နှစ်သက်ပျော်ရွှင်ရကြောင်း ပျော်ပါတယ်။”ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းက ဖော်ပြသည်။

 ဖျော်ဖြေပွဲအပြီးတွင် ကင်ဂျုံးအွန်က တောင်ကိုရီးယားအနုပညာသမားအသီးသီးကို လိုက်လံလက်ဆွဲနှုတ်ဆက်ပြီး ၎င်းတို့၏ ပြည်သူများကို ဖျော်ဖြေတင်ဆက်မှု   ကောင်းကောင်းဖြင့်   ပျော်ရွှင်စေခဲ့ခြင်းအတွက် များစွာကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags