မန္တလေးတွင် စုပေါင်းအမှိုက်ကောက်

မန္တလေးတွင် စုပေါင်းအမှိုက်ကောက်

မန္တလေး၊ဧပြီ ၁ ။       ။ မန္တလေးမြို့ သန့်ရှင်းရေးနေ့ စုပေါင်းအမှိုက်ကောက်ပွဲကို ဧပြီ ၁ ရက်၊ နံနက် ၇ နာရီက အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေ၊ စန္ဒာမုနိဘုရား၊ကျောက်တော်ကြီးဘုရား၊ ကုသိုလ်တော် ဘုရားဝင်းအတွင်း ပြုလုပ်ခဲ့ကြသည်။

မန္တလေးမြို့ရှိ လူမှုကူညီရေး ပရဟိတအသင်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသူ၊ ကျောင်းသားများက ပူပေါင်းပါဝင် အမှိုက်ကောက်ခဲ့ကြသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တနင်္ဂနွေနေ့ကို မန္တလေးမြို့တော် သန့်ရှင်းနေ့အဖြစ် သတ်မှတ်၍ ယခုလို စုပေါင်းအမှိုက်ကောက်ခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဒေါက်တာ သစ်ဆင်းက "ဒီနေ့ကို သန့်ရှင်းရေးနေ့အဖြစ် သတ်မှတ်ပြီး အခုလို လုပ်တာပါ။အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်သွားပါမယ်"ဟုပြောသည်။

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က စန္ဒာမုနိဘုရား၊ကျောက်တော်ကြီးဘုရားနှင့်ကုသိုလ်တော်ဘုရား ဂေါပကတို့ထံ အမှိုက်ပုံးများ ပေးအပ်လှူဒါန်းခဲ့သည်။

ယခုလို အမှိုက်ပုံးများလှူဒါန်းသည့် အတွက် ဂေါပကအဖွဲ့များက ကျေးဇူးတင်ကြောင်းနှင့် အပတ်စဉ် အမှိုက်ကောက်ပွဲ၌ လိုအပ်သည်များ ပံ့ပိုးကူညီသွားမည်ဟုဆိုကြသည်။

အလားတူ အမှိုက်ကောက်ခြင်းကို အောင်မြေသာစံမြို့နယ်အပြင် ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရမြို့နယ်တို့တွင် ပြုလုပ်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly