မိုးကုတ်မြို့နှစ် ၈၀၀ပြည့် ပွဲတော်ကျင်းပ

မိုးကုတ်မြို့နှစ် ၈၀၀ပြည့် ပွဲတော်ကျင်းပ
(ဓာတ်ပုံ၊စိုင်းအောင်အောင်)

မတ်၂၉ ။            ။ မိုးကုတ်မြို့ နှစ် ၈၀၀ပြည့်ပွဲတော်ဖွင့်ပွဲကို မတ်လ ၂၉ ရက်၊နံနက် ၈ နာရီကပြုလုပ်ခဲ့သည်။

အဆိုပါပွဲကို မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ မုံကွင်းမှာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကာ မတ်လ ၂၉ ရက်မှ၃၁ ရက်အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်သွားမှာဖြစ်သည်။

"ဒီလို အခမ်းအနားလုပ်တဲ့အခါ လူအား ငွေအား ယုံကြည်မှုအား ညီညွတ်မှုအား အများကြီး လိုပါတယ်။ နှစ် ၈၀၀ပြည့်ပွဲကြီးကို တိုင်းရင်းသားပေါင်းစုံနဲ့ မိုးကုတ်မြေကနေ တခြားနေရာမှာ အခြေချနေတဲ့သူတွေ အားလုံးပူးပေါင်း လုပ်ခဲ့ကြတယ်။ ဒီနေရာကို ကမ္ဘာက ပတ္တမြားမြေတောင်ကြားလို့ မှတ်တမ်းတင်ထားကြတယ်။"ဟု ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

"ဒီနေ့မှာတော့ နှစ် ၈၀၀ ဖွင့်ပွဲနဲ့အတူ မြို့အရှေ့ပိုင်းနဲ့အနောက်ပိုင်းမှာ ထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေကို တပြိုင်တည်းဖွင့်လှစ်ပါတယ်။ ဝန်းတွေလှည့်တယ်။ ဖျော်ဖြေရေးတွေပါတယ်။"ဟု ပွဲတော်ကျင်းပရေးကော်မတီ ဒေါ်ခင်အုန်းမြင့်ကပြောသည်။

မတ်လ ၃၀ ရက်တွင် မိုးကုတ်မြို့မှာရှိသည့် သံဃာတော် အပါး ၂၅၀၀နှင့် သီလရှင် အပါး၈၀ တို့ကို ဆွမ်းဆန်စိမ်းလောင်းလှူသွားမှာဖြစ်ပြီး ၃၁ ရက်တွင် တိုင်းရင်းသားရိုးရာအကများ ကပြဖျော်ဖြေခြင်းနှင့် ကံစမ်းမဲဖောက်ပေးခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးကုတ်မြို့ နှစ် ၈၀၀ ပြည့်ပွဲတော်သို့ မိုးကုတ်မြို့ဒေသခံ အနုပညာရှင်များ၊ ဖိတ်ကြားထားသည့် အနုပညာများလည်း လာရောက်ဖျော်ဖြေခဲ့ကြပြီး မိုးကုတ်နှင့်သက်ဆိုင်သည့် ပြခန်းများလည်း ခင်းကျင်းပြသထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly