Toyota က တီထွင်ထားသော ဘတ်စကက်ဘောကစားသည့် စက်ရုပ်ကို ထုတ်ဖော်ပြသ

Toyota က တီထွင်ထားသော ဘတ်စကက်ဘောကစားသည့် စက်ရုပ်ကို ထုတ်ဖော်ပြသ

မတ် ၂၉ ။           ။ နာမည်ကျော် ဂျပန်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Toyota ကတော့ ယခုအခါ ၎င်းတို့နောက်ဆုံး တီထွင်ဖန်တီးထားတဲ့ လက်ရာတစ်ခုကို ထုတ်ဖော်ပြသလိုက်ပြန်ပြီ ဖြစ်ပါတယ်။ ဒါကတော့ "Cue" လို့ နာမည်ပေးထားတဲ့ ဘတ်စ်ကက်ဘောကစားတဲ့ စက်ရုပ်ပဲဖြစ်ပါတယ်။

Toyota တီထွင်ထားတဲ့ ယင်း စက်ရုပ်ကတော့ ဘတ်စကက်ကို ကောင်းစွာ ကစားတတ်အောင် ဖန်တီးထားတာဖြစ်ပြီး အလွတ်ပစ်ချက်တွေကို တိကျသေချာစွာ ပစ်ပြနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

စက်ရုပ် "Cue" မှာတော့ artificial intelligence (လူသား ဉာဏ်ရည်တု) နည်းပညာကို ထည့်သွင်းအသုံးပြုထားပြီး ယင်းနည်းပညာကြောင့်လည်း ဘတ်စကက်ဘော အလွတ်ပစ်ချက်တွေကို တိကျစွာ ပစ်ပြနိုင်စွမ်း ရှိတာဖြစ်ပါတယ်။

တိုကျိုမြို့မှာ ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲတစ်ခုမှာလည်း အဆိုပါ စက်ရုပ်က ယင်းရဲ့ ဘတ်စကက်ဘော စွမ်းရည်တွေကို ထုတ်ဖော်ပြသသွားခဲ့ပါသေးတယ်။

ယင်း ပြိုင်ပွဲမှာတော့ စက်ရုပ် "Cue" ရဲ့ ပစ်ချက်ဟာ တိကျသေချာမှုနှုန်း ၁၀၀ ရာခိုင်နှုန်းထိ ရှိခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags