အိုဘားမား ထိုင်စားသွားခဲ့တဲ့ စားပွဲကို မှန်ဘောင်ခတ် ထိန်းသိမ်းထားတဲ့ ဗီယက်နမ်ခေါက်ဆွဲဆိုင်

အိုဘားမား ထိုင်စားသွားခဲ့တဲ့ စားပွဲကို မှန်ဘောင်ခတ် ထိန်းသိမ်းထားတဲ့ ဗီယက်နမ်ခေါက်ဆွဲဆိုင်

မတ် ၂၈ ။            ။ အမေရိကန်သမ္မတဟောင်း ဘရက်ခ် အိုဘားမား ဗီယက်နမ်ရောက်စဉ်က ဝင်စားသွားခဲ့တဲ့ ဟနွိုင်းမြို့လယ် ခေါက်ဆွဲဆိုင်လေးကတော့ ယခုအချိန်မှာ ထူးခြားတဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေနဲ့အတူ စားသုံးသူတွေကို အထူးပင် ဆွဲဆောင်ထားနိုင်လျက်ရှိနေပြီဖြစ်ပါတယ်။

ယခုအခါမှာတော့ ယင်းဆိုင်လေးတွင်းက အိုဘားမား ထိုင်စားသွားခဲ့တဲ့ စားပွဲကို တစ်မြတ်တစ်နိုးနဲ့ မှန်ဘောင်သွင်း ထိန်းသိမ်းပေးထားတာကို တွေ့ရမှာဖြစ်ပါတယ်။ မှန်ဘောင်ခတ်ထားတဲ့ စားပွဲပေါ်မှာတော့ ပန်းကန်တွေ၊ တူတွေကို ညီညီညာညာ ချထားပေးတာကိုပါ တွေ့ရမှာဖြစ်ပါတယ်။

ဒါဟာလည်း တစ်ချိန်တုန်းက မထင်မရှားဖြစ်ခဲ့ဖူးတဲ့ စားသောက်ဆိုင်လေးကို ခုချိန်မှာ စားသုံးသူတွေကို ပိုမိုလာရောက်ဖို့ ဆွဲဆောင်တဲ့အနေနဲ့ လုပ်ဆောင်ထားပုံ ရပါတယ်။

ခုချိန်မှာ "အိုဘားမား ဘွန်ချာ" ရယ်လို့ အမည်တွင်နေပြီဖြစ်တဲ့ Bun Cha Huong Lien ဆိုင်လေးကတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က စပြီး ရုတ်တရက် နာမည်ကြီးသွားတာဖြစ်ပါတယ်။ ယင်းအချိန်တုန်းက အမေရိကန်သမ္မတ ဖြစ်ခဲ့တဲ့ အိုဘားမားဟာ CNN TV က စာဖိုးမှူး အန်သိုနီ ဘော်ဒိန်း နဲ့အတူ ဟနွိုင်းမြို့လယ်က ယင်းဆိုင်လေးကို ရုတ်တရက် ရောက်လာပြီး ခေါက်ဆွဲစားသွားခဲ့ကြတာ ဖြစ်ပါတယ်။

ယင်းနောက်ပိုင်း ယခုအချိန်မှာတော့ ယင်းဆိုင်လေးဟာ စားသုံးသူတွေနဲ့ အထူးပင် စည်ကားနေပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly