လူ ၆၄ ဦး ထက်မနည်းသေဆုံးခဲ့သော စျေးဝယ်စင်တာ မီးလောင်ကျွမ်းမှုမှာ ပေါ့ဆမှုကြောင့်ဟု ပူတင်အပြစ်တင်

လူ ၆၄ ဦး ထက်မနည်းသေဆုံးခဲ့သော စျေးဝယ်စင်တာ မီးလောင်ကျွမ်းမှုမှာ ပေါ့ဆမှုကြောင့်ဟု ပူတင်အပြစ်တင်

မော်စကို၊ ရုရှား၊ မတ် ၂၇ ။           ။ ရုရှားသမ္မတဗလာဒီမာပူတင်က လူပေါင်း ၆၄ဦးထက်မနည်း သေဆုံးခဲ့ရသော ဆိုက်ဘေးရီးယားရှိ ခီမာရိုဗိုမြို့ မှ ဈေးဝယ်စင်တာ မီးလောင်ကျွမ်းမှုသည် ပေါ့ဆမှုကြောင့်ဖြစ်သည်ဟု အခင်းဖြစ်ပွားရာနေရာသို့ အင်္ဂါနေ့၌ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လာရောက်အားပေးစဉ်တွင် ပြောကြားခဲ့သည်။

စက်မှုလုပ်ငန်းထွန်းကားရာမြို့ရှိ ဈေးဝယ်စင်တာ၌ တနင်္ဂနွေနေ့က မီးလောင်ကျွမ်းခဲ့သောကြောင့် ကလေးအများစုအပါအဝင် လူပေါင်း ၆၄ဦးထက်မနည်း သေဆုံးခဲ့ရပြီး ယင်းဖြစ်စဉ်သည် ရုရှား၌ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း လူအသေအပျောက်အများဆုံး မီးလောင်ကျွမ်းမှုအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

ယင်းဖြစ်ရပ်နှင့်ပက်သက်၍ ရုရှားအစိုးရ၏ တာဝန်ယူကိုင်တွယ်ပုံအား မေးခွန်းထုတ်နေကြစဉ်တွင် ပူတင်သည် အခင်းဖြစ်ပွားရာ ခီမာရိုဗိုမြို့သို့ လေယာဉ်နှင့်လာရောက်ခဲ့ခြင်းဖြစ်သည်။

“ဒီနေရာမှာ ဘာတွေဖြစ်ကုန်ပြီလဲ။ ဒီနေရာဟာ လက်နက်ကိုင်စစ်ပွဲတွေ ဖြစ်ပွားနေတဲ့နေရာမဟုတ်ပါဘူး။ ဒီနေရာဟာ မမျှော်လင့်ပဲ မီသိန်းဓာတ်ငွေ့တွေ ထုတ်လွှတ်မိတဲ့နေရာမဟုတ်ပါဘူး။ ပြည်သူတွေ၊ ကလေးတွေ လာရောက်အပန်းဖြေတဲ့နေရာပါ” ဟု ပူတင်က သေဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပန်းခွေများလာရောက်ချထားပြီး ကလေးများအတွက် အရုပ်များ၊ ဘောလုံးလေးများ ရည်စူးပြီးချထားစဉ်တွင် တာဝန်ရှိသူများကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပူတင်က “ကျနော်တို့ဟာ ဒီဖြစ်ရပ်နဲ့ပက်သက်ပြီး အချို့အချက်အလက်တွေကိုပဲပြောနေကြပါ တယ်။ ဒါပေမယ့် ကျနော်တို့အမှန်တကယ်အသက်တွေဆုံးရှုံးခဲ့ရတာပါ။ ဘာကြောင့်ဆုံးရှုံးခဲ့ရတာလဲ။ ပေါ့ဆမှု နဲ့ ဖြစ်ကတတ်ဆန်း ပေါ့ပေါ့တန်တန်သဘောထားမှုတို့ကြောင့်ပါ” ဟု ပူတင်က ရုရှားအစိုးရမှ ထုတ်ပြန်ခဲ့သော ကြေညာချက်ထဲတွင် ပြောကြားခဲ့သည်။

“သေဆုံးခဲ့ရသူတွေ၊ သေဆုံးခဲ့တဲ့ကလေးငယ်အရေအတွက်ကို သူတို့ထုတ်ဖော်ပြောကြားတဲ့အချိန်မှာ ပထမဦး ဆုံး ဖြစ်ပေါ်လာတဲ့ခံစားချက်ကတော့ အော်ငိုမြည်တမ်းချင်တဲ့ ခံစားချက်မျိုးပဲဖြစ်ပါတယ်” ဟု ပူတင်က ရုပ်သံ၌ မိန့်ခွန်းပြောစဉ်တွင်လည်း ထည့်သွင်းပြောဆိုခဲ့သည်။

ခီမာရိုဗိုမြို့သည် ယင်းဖြစ်စဉ်အတွက် အင်္ဂါနေ့မှစတင်၍ သုံးရက်တာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်သွား မည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ သို့သော် ဝေဖန်သူအများစုကမူ ရုရှားအစိုးရအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဘာကြောင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်မပြုလုပ်ရသလဲဟု ပြောဆိုဝေဖန်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly