ဂျပန်အဘွားအိုတစ်ဦး အသက် ၈၈ နှစ်အရွယ်မှာ ပါရဂူဘွဲ့ရ

ဂျပန်အဘွားအိုတစ်ဦး အသက် ၈၈ နှစ်အရွယ်မှာ ပါရဂူဘွဲ့ရ

 

မတ် ၂၆ ။                  ။ ဂျပန်နိုင်ငံက အသက် ၈၈ နှစ်အရွယ် အဘွားအိုတစ်ဦးကို ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်က ကျိုတိုမြို့ တက္ကသိုလ်တစ်ခုကနေ ပါရဂူဘွဲ့ ချီးမြှင့်အပ်နှင်းလိုက်ကြောင်း သိရပါတယ်။

Ritsumeikan တက္ကသိုလ်ကနေ စာပေဆိုင်ရာ ပါရဂူဘွဲ့တစ်ခုကို လက်ခံရရှိခဲ့တဲ့ အဘွားအို ကီယိုကို အိုဇီကီကတော့ ယင်းနိုင်ငံမှာ အသက်အကြီးဆုံးနဲ့ PhD ဘွဲ့ ရရှိခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ်လည်း မှတ်တမ်းဝင်သွားဖွယ် ရှိနေပါတယ်။

အဘွား အိုဇီကီဟာဆိုရင် အနှစ် ၃၀ ကြာ သူမရဲ့ သုတေသန စာတမ်းပြုစုတင်သွင်းခဲ့ပြီးနောက် ယခုလို သူမ အသက် ၈၈ နှစ်အရွယ်ကျမှ ပထမဆုံးသော PhD ဘွဲ့ကို ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

ခုလို အသက်ကြီးမှ ပါရဂူဘွဲ့ရယူနိုင်ခဲ့တဲ့အတွက် အရမ်းဂုဏ်ယူမိကြောင်းနဲ့ ဘဝရဲ့ ကျန်ရှိတဲ့ သက်တမ်းအတွက် အမြဲတမ်း အမှတ်ရနေမိတော့မှာဖြစ်ကြောင်း အဘွား အိုဇီကီက ဘွဲ့ရယူတဲ့အခမ်းအနားမှာ ပြောသွားပါတယ်။

" ခုလို ဘွဲ့ရခဲ့ရာမှာ ကျွန်မရဲ့ အသက်နဲ့ပတ်သက်လို့ စဉ်းစားမိရင် နည်းနည်းတော့ ရှို့တို့ရှန့်တန့်တော့ ဖြစ်မိပါတယ်၊ ဒါပေမယ့်လည်း ခုချိန်မှာ ရွှေတံဆိပ်တစ်ခု ရသလို ပျော်ရွှင်မိပါတယ်" လို့လည်း သူမက ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly