ရုရှားနိုင်ငံ၊ ကီမိုရိုဗိုမြို့ရှိ စျေးဝယ်စင်တာ မီးလောင်မှု အနည်းဆုံး လူ ၃၇ ဦးသေဆုံး

ရုရှားနိုင်ငံ၊ ကီမိုရိုဗိုမြို့ရှိ စျေးဝယ်စင်တာ မီးလောင်မှု အနည်းဆုံး လူ ၃၇ ဦးသေဆုံး
(ဓာတ်ပုံ - AFP)

ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသ ကီမိုရိုဗိုမြို့ရှိ ဈေးဝယ်စင်တာတစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့မှုတွင် အနည်းဆုံး လူ ၃၇ ဦး သေဆုံးခဲ့ပြီး လူအများ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

မီးလောင်မှုအတွင်း ကလေးငယ်များအပါအဝင် လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေတယ်ကြောင်း ရုရှားမီဒီယာအရ သိရပါတယ်။

ဆိုက်ဘေးရီးယားဒေသ ကီမိုရိုဗိုမြို့ရှိ Winter Cherry အဆောက်အအုံအပေါ်ထပ်တစ်ခုမှာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး လူအများအပြားမှာ ရုပ်ရှင်ရုံတစ်ခုအတွင်းမှာ ရှိနေတယ်လို့ ဆိုပါတယ်။

အစောပိုင်းသတင်းများအရ ကလေးငယ် တစ်ဦးအပါအဝင် လူ ၅ ဦးသေဆုံးပြီး အခြား ဒဏ်ရာရသူ ၃၀ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူများက ပြောပါတယ်။

ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ တနင်္ဂနွေနေ့က လူတစ်ချို့ မီးလောင်ရာမှာ လွတ်မြောက်ဖို့ ပြတင်းပေါက်များမှ ခုန်ချခဲ့တာကို တွေ့ရပါတယ်။

အဆောက်အအုံ ပြတင်းပေါက်များမှ မီးခိုးအများအပြားထွက်နေပြီး မီးသတ်သမားတွေက အဆောက်အအုံမှာရှိနေသူတွေကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။

အဓိကကျောက်မီးသွေးထုတ်လုပ်နေရာတစ်ခုဖြစ်တဲ့ ကီမိုရိုဗိုမြို့ဟာ မော်စကိုရဲ့ အရှေ့ဘာက် ကီလိုမီတာ ၃,၆၀၀ (၂,၂၀၀ မိုင်)ခန့်မှာ တည်ရှိပါတယ်။

အဆိုပါအဆောက်အအုံ မီးလောင်ရတဲ့ အကြောင်းအရင်းကိုမူ မသိရှိရသေးပေမယ့် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုကို စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။

Ref; BBC, AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly