မန္တလေးတွင် တနင်္ဂနွေနေ့တိုင်း စုပေါင်းအမှိုက်ကောက်မည်

မန္တလေးတွင် တနင်္ဂနွေနေ့တိုင်း စုပေါင်းအမှိုက်ကောက်မည်

မန္တလေး၊ မတ်လ ၂၅ ။          ။ တနင်္ဂနွေနေ့တိုင်းကို မန္တလေးမြို့တော် သန့်ရှင်းရေးနေ့အဖြစ် သတ်မှတ်ပြီး စွန့်ပစ်အမှိုက်များ ကောက်ယူသွားမယ်လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောပါတယ်။

မန္တလေးမြို့မှာရှိတဲ့ အထင်ကရနေရာတွေကို အရပ်ဘက် လူမှုပရဟိတအဖွဲ့အစည်းတွေ၊တက္ကသိုလ်၊ကောလိပ်တွေက ဆရာ၊ဆရာမတွေနဲ့ကျောင်းသူကျောင်းသားတွေနဲ့ပူးပေါင်း အမှိုက်ကောက်သွားမှာပဲဖြစ်ပါတယ်။

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က" လူမှုရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဟော်တယ်ခရီးမှ တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးပြီး တနင်္ဂနွေနေ့တိုင်း အပတ်စဉ် ရှေးဟောင်းသမိုင်းဝင်နေရာများ၊ တက္ကသိုလ်များ၊ ကမ်းနားလမ်း၊ အမြန်လမ်းမများနှင့် ဘူတာကြီးနဲ့ ရထားသံလမ်းတစ်လျှောက် နေရာများတွင် စုပေါင်းအမှိုက်ကောက်ရင်း ပညာပေးအစီအစဉ်များပါ ထည့်သွင်းဆောင်ရွက် သွားမှာပါ"လို့ပြောပါတယ်။

အမှိုက်ကောက်ရာမှာ ပူပေါင်းပါဝင်လုပ်အားပေးလိုတဲ့သူတွေအနေနဲ့ နီးစပ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေနဲ့မြို့နယ် စည်ပင်သာယာရေးရုံးတွေမှာ ဆက်သွယ်စာရင်းပေးနိုင်တယ်လို့လည်း မြို့တော်ဝန် ဒေါက်တာရဲလွင်ကဆိုပါတယ်။

မြို့တော်သန့်ရှင်းရေးအတွက် မြို့လူထုအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့လည်း မြို့တော်ဝန် ဒေါက်တာရဲလွင်က သူရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ဖိတ်ခေါ်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly