သံတမန်များ နှင်ထုတ်မည့် ဗြိတိန်ကို လက်တုံ့ပြန်ရန် ရုရှ စဉ်းစားနေ

သံတမန်များ နှင်ထုတ်မည့် ဗြိတိန်ကို လက်တုံ့ပြန်ရန် ရုရှ စဉ်းစားနေ

မော်စကို၊ မတ် ၁၅ ။         ။ ဗြိတိန်မြေပေါ်တွင် ရုရှစပိုင်ဟောင်းနှင့် သမီးဖြစ်သူတို့ကို ဓာတုအဆိပ်ဖြင့် လုပ်ကြံခြင်းနှင့် ပတ်သက်ကာ တင်းမာလျက်ရှိနေစဉ် ဗြိတိန်နိုင်ငံက ရုရှသံတမန် ၂၃ ဦးအား ပြည်နှင်ရန် ဆုံးဖြတ်လာခြင်းအပေါ် လက်တုံ့ပြန်ရေးအတွက် စဉ်းစားလျက်ရှိနေသည်ဟု ရုရှက မတ် ၁၅ ရက်တွင် ပြောသည်။

မတ် ၁၅ ရက်တွင် ဗြိတိန်က မော်စကိုနှင့် အဆင့်မြင့်အရာရှိများ တွေ့ဆုံမှုများ ရပ်ဆိုင်းကြောင်း ကြေညာထားသည်။ ထိုသို့ ဗြိတိန်၏ လုပ်ဆောင်ချက်များအား လက်တုံ့ပြန်မည်ဖြစ်ကြောင်း မော်စကိုက ပြောသော်လည်း မည်သို့ တုံ့ပြန်သည်ကို လက်ရှိအထိ မထုတ်ပြန်သေးပေ။

လက်တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား စဉ်းစားနေပြီဖြစ်ပြီး မဝေးတော့သည့်အချိန်အတွင်း အကောင်အထည် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ရုရှနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရသူက ဆိုသည်။

မတ် ၁၅ ရက်က မော်စကိုတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ မာရီယာဇက်ဟာရိုဗာက ရုရှစပိုင်ဟောင်း ဆာဂျီစကီရီပဲလ်နှင့် သမီးဖြစ်သူ ယူလီယာတို့အား လုပ်ကြံရာတွင် အသုံးပြုခဲ့သည့် ဓာတုအဆိပ်လက်နက်နှင့် ပတ်သက်သည့် မှန်ကန်သည့် သတင်းအချက်အလက်များကို ပေးရန် ဗြိတိန်ထံ တိုက်တွန်းထားကြောင်း ပြောခဲ့သည်။

လက်ရှိအခြေအနေသည် ရုရှဆန့်ကျင်ရေးစိတ်ထားများ ပွားများနေသည့်ကြားမှ အဆင်ခြင်မဲ့နေသည့် အခြေအနေပဲဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags