ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ပေးအပ်ထားခဲ့သည့် လူ့အခွင့်အရေးဆု အမေရိကန် Holocaust ပြတိုက် ပြန်ရုတ်သိမ်း

ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ပေးအပ်ထားခဲ့သည့် လူ့အခွင့်အရေးဆု အမေရိကန် Holocaust ပြတိုက် ပြန်ရုတ်သိမ်း

 

မတ် ၈ ။              ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၂ ခုနှစ်က ပေးအပ်ချီးမြှင့်ထားခဲ့သည့် လူ့အခွင့်အရေးဆုကို ပြန်ရုတ်သိမ်းလိုက်ကြောင်း အမေရိကန် Holocaust အထိမ်းအမှတ်ပြတိုက်က ကြေညာလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဘင်္ဂါလီအရေးကိစ္စနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုမှု မရှိသလို ဘင်္ဂါလီများဘက်မှ ရပ်တည်ကာကွယ်ပေးခဲ့မှုမျိုး မရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပေးအပ်ချီးမြှင့်ပြီးသား လူ့အခွင့်အရေးဆုကို ပြန်ရုတ်သိမ်းခြင်းဖြစ်သည်ဟု ဝါရှင်တန်ရှိ အဆိုပါ ပြတိုက်က ထုတ်ပြန်သွားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားခဲ့သည့် Ellie Wiesel လူ့အခွင့်အရေးဆုကို ပြန်ရုတ်သိမ်းကြောင်း ကြေညာချက်ကို အဆိုပါ ပြတိုက်က မတ်လ ၇ ရက်တွင် ထုတ်ပြန်သွားခြင်းဖြစ်သည်။

" မိမိတို့ စိတ်မကောင်းစွာနဲ့ပဲ ဒီ ဆုကို ပြန်ပယ်ဖျက်လိုက်ရပါတယ်၊ ခုလို ဆုပြန်သိမ်းတဲ့ ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ ချမှတ်ခဲ့ရတာတော့မဟုတ်ပါဘူး" ဆိုပြီး အဆိုပါ ပြတိုက်က ထုတ်ပြန်ပြောသွားသည်။

တစ်ချိန်တည်းမှာပင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု တားဆီးကာကွယ်ရေးပိုင်းကို အာရုံစိုက်ထားသည့် အဆိုပါ ပြတိုက်က ထုတ်ပြန်ရာတွင် ယင်းအနေဖြင့် ဘင်္ဂါလီများအပေါ် ပစ်မှတ်ထားပြီး စစ်တပ်၏ နယ်မြေရှင်းလင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ အနီးကပ် စောင့်ကြည့်နေသည်ဟုလည်း ပြောသွားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly