ကုန်သွယ်ရေးမူဝါဒနှင့် ပတ်သက်ပြီး သဘောထားမတိုက်ဆိုင်၍ ထရမ့်၏ ထိပ်တန်းစီးပွားရေးအကြံပေး အိမ်ဖြူတော်မှ နုတ်ထွက်

ကုန်သွယ်ရေးမူဝါဒနှင့် ပတ်သက်ပြီး သဘောထားမတိုက်ဆိုင်၍ ထရမ့်၏ ထိပ်တန်းစီးပွားရေးအကြံပေး အိမ်ဖြူတော်မှ နုတ်ထွက်

 

ဝါရှင်တန်၊ မတ် ၇ ။             ။ ကုန်သွယ်ရေးမူဝါဒနှင့် ပတ်သက်ကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သဘောထားမတိုက်ဆိုင်ခြင်းကြောင့် ၎င်း၏ စီးပွားရေးအကြံပေးဖြစ်သူ ဂယ်ရီခိုးက အိမ်ဖြူတော်မှ နုတ်ထွက်ပြီ ဖြစ်သည်။

အမျိုးသားစီးပွားရေးကောင်စီ၏  ဥက္ကဌဖြစ်သူ ဂယ်ရီခိုးသည် ထရမ့်၏ သံနှင့် အလူမီနီယံ တင်သွင်းမှုအပေါ် စည်းကြပ်ခွန်ကောက်ရန် စီစဉ်ခြင်းအား အတွင်းစည်းမှ ဦးဆောင်ကန့်ကွက်နေခဲ့သူဖြစ်သည်။

၎င်းအနေဖြင့် သမ္မတ ထရမ့်၏ ကုန်သွယ်ရေး မူဝါဒရေးရာကို ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းဆီ ရောက်အောင် ကြိုးစားခဲ့သော်လည်း ထရမ့်က ၎င်း၏ ရပ်တည်ချက်ကို အလျှော့မပေးဘဲ ရှိနေခဲ့ပြီး လာမည့်ရက်များအတွင်း အဆိုပါ စည်းကြပ်ခွန်ကို ချမှတ်ပြဌာန်းမည်ဟု မတ် ၆ ရက်က ထရမ့်က ထပ်မံပြောဆိုခဲ့ခြင်း ဖြစ်သည်။

အစိုးရအဖွဲ့အတွင်း တာဝန်ထမ်းဆောင်ရခြင်းနှင့် အမေရိကန်ပြည်သူများ အကျိုးစီးပွားအတွက် ဖွံ့ဖြိုးသော စီးပွားရေးပေါ်လစီများကို ချမှတ်ခဲ့ရခြင်းအတွက် ဂုဏ်ယူခဲ့ကြောင်း ခိုးက ထုတ်ပြန်ချက်တွင် ပြောဆိုသည်။

ယခုကဲ့သို့ နှစ်ဦး သဘောထားမတိုက်ဆိုင်သော်လည်း ထရမ့်က ခိုးအား ချီးမွှမ်းကာ “ထူးခြားတဲ့ အရည်အချင်းနဲ့ သူ့နိုင်ငံအတွက် အလုပ်အကျွေး ပြုခဲ့သူ”ဟု ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly