ဂျပန်အား ထောက်လှမ်းနေ ခဲ့ခြင်းအတွက် အိုဘားမားက ရှင်ဇိုအာဘေး အားတောင်းပန်

ဂျပန်အား ထောက်လှမ်းနေ ခဲ့ခြင်းအတွက် အိုဘားမားက ရှင်ဇိုအာဘေး အားတောင်းပန်

အမေရိကန်နိုင်ငံဖက်က ဂျပန်နိုင်ငံအား ထောက်လှမ်းနေခဲ့ခြင်းအတွက် သမ္မတအိုဘားမားက ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးအား တောင်းပန်စကားပြောကြားခဲ့ကြောင်း ဂျပန်အစိုးရပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောခဲ့သည်။

”သမ္မတအိုဘားမားက အလွန်စိတ်မကောင်းဖြစ်တယ်လို့ပြောခဲ့ပါတယ်။ အမေရိကန်ရဲ့ အထောက်လှမ်းခံခဲ့ရတဲ့အတွက် ဂျပန်နိုင်ငံမှာ အကြီးအကျယ်အငြင်းပွားမှုတွေဖြစ်ခဲ့တာအတွက်ပါ။”ဟု ယိုရှိဟီဒီ ဆူဂါး ကပြောသည်။

အဆိုပါကိစ္စရပ်အား သြဂုတ် ၂၆ ရက် နံနက်ပိုင်းက ခေါင်းဆောင်နှစ်ဦးကြား ဖုန်းဖြင့် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

”ဒီလို ထောက်လှမ်းခံရခြင်းနဲ့ ပတ်သက်ပြီး ဂျပန်ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေ မြင့်မားလာခဲ့မယ်ဆိုရင် မဟာမိတ်ဆက်ဆံရေးနဲ့ နှစ်နိုင်ငံယုံကြည်မှုကို ပျက်ပြားစေပါလိမ့်မယ်။”ဟုလည်း အာဘေးဖက်က အိုဘားမားအားပြောကြားခဲ့ကြောင်း ယိုရှီဟီဒီက ပြောသည်။

ဂျပန်အရာရှိများနှင့် ကုမ္ပဏီများကို အမျိုးသားလုံခြုံရေးအေဂျင်စီ NSA က ထောက်လှမ်းခဲ့ကြောင်းကို ပြီးခဲ့သည့်လအတွင်းက ဝီကီလိခ်က ဖွင့်ချဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly