အမေရိကန် ထောင်အတွင်း မောင်းသူမဲ့လေယာဉ်ဖြင့် မူးယစ်ဆေးနှင့် ညစ်ညမ်းဒီဗီဒီအခွေများ ပေးပို့ရန်ကြံစည်သူနှစ်ဦးကို ဖမ်းမိ

အမေရိကန် ထောင်အတွင်း မောင်းသူမဲ့လေယာဉ်ဖြင့် မူးယစ်ဆေးနှင့် ညစ်ညမ်းဒီဗီဒီအခွေများ ပေးပို့ရန်ကြံစည်သူနှစ်ဦးကို ဖမ်းမိ

အမေရိကန်နိုင်ငံ မာရီလန်းပြည်နယ် အကျဉ်းထောင်တွင်းသို့ မူးယစ်ဆေးဝါးနှင့် ညစ်ညမ်းဒီဗီဒီအခွေများ မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ပေးပို့ရန် ကြိုးစားသူနှစ်ဦးအား ဖမ်းမိသည်။

ကမ်ဘားလန်းရှိ ပြည်နယ်အကျဉ်းထောင်အပြင်ဖက်တွင် မောင်းသူမဲ့လေယာဉ်တစ်စီး၊ သေနတ်နှင့် တားမြစ်ထားသည့် မူးယစ်ဆေးများနှင့် ညစ်ညမ်းဒီဗီဒီအခွေများနှင့်အတူ သံသယဖြစ်ဖွယ်လူနှစ်ဦးအား ဖမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ဆက်စပ်ရှာဖွေရာတွင် အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားတစ်ဦးတွင် အဆိုပါမှောင်ခိုပစ္စည်းများအားလည်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း အကျဉ်းထောင်တာဝန်ရှိသူများက ပြောသည်။

ထိုသို့သော မောင်းသူမဲ့လေယာဉ်ဖြင့် ထောင်တွင်းသို့ ဆေးဝါးများ သွင်းသည့်ပြစ်မှုများသည် အိုဟိုင်းယိုးနှင့် ကယ်ရိုလိုင်းနားပြည်နယ်အကျဉ်းထောင်များတွင်လည်း ဖြစ်ပွားခဲ့ဖူးကြောင်း သတင်းတွင် ဖော်ပြသည်။

ယခုဖမ်းဆီးရမိသူနှစ်ဦးလုံးကို ထိန်းသိမ်းထားပြီး တစ်ဦးကို ဒေါ်လာ ၂၅၀၀၀၀ ဖြင့် အာမခံပေးထားပြီး တစ်ဦးအား အာမခံပေးထားခြင်းမရှိကြောင်း သိရပြီး အကျဉ်းထောင်တွင်းမှောင်ခို ပစ္စည်းများတွေ့ရှိ သည့် အကျဉ်းသားအား စစ်ဆေးအရေးယူလျက်ရှိသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly