သက်ငယ်မုဒိမ်းပပျောက်ရေး အသိပညာပေးဟောပြောမှုများပြုလုပ်

သက်ငယ်မုဒိမ်းပပျောက်ရေး အသိပညာပေးဟောပြောမှုများပြုလုပ်
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

စဉ့်ကူး၊မတ် ၄ ။           ။ မှုခင်းကျဆင်းရေးနှင့် သက်ငယ်မုဒိမ်းပပျောက်ရေးတို့အတွက် အသိပညာပေးဟောပြောမှုများကို မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့မှ ငပျင်းအင်းကျေးရွာအုပ်စုရှိ   အောင်ချမ်းသာဓမ္မာရုံတွင် မတ်လ ၄ ရက်၊နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။

စဉ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ အသိပညာပေးဟောပြောမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ကျေးရွာများသို့သွားရောက်၍ အပတ်စဉ် စနေနေ့နှင့်တနင်္ဂနွေနေ့တို့တွင် စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ကျေးရွာဓမ္မာရုံတို့၌ ကျေးရွာသူ၊ကျေးရွာသားများကို စုဝေး၍ အသိပညာပေး   ဟောပြောမှုပြုလုပ်သလို ကျန်ကြားရက်များတွင် တစ်အိမ်တက်၊ တစ်အိမ်ဆင်းစနစ်ဖြင့် အသိပညာပေးဟောပြောမှုများပြုလုပ်လျှက်ရှိသည်ဟု ဟောပြောရာတွင် ပါဝင်သည့် ဒုရဲအုပ် မြင့်ထွေးကဆိုသည်။

"အဓိက သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေလုပ်တယ်။ မှုခင်းတွေနဲ့ပတ်သက်ပြီး ဟောပြောတယ်။ ဒီလို မှုခင်းနဲ့ပတ်သက်တာတွေသိရင် ကြိုတင်ကာကွယ်တာတွေ လုပ်နိုင်မယ်။   ဖြစ်ပွားပြီဆိုရင်လည်း ကျွန်တော်တို့ဆီ အကြောင်းကြားပြီး ဆောင်ရွက်ရမယ့် အကြောင်းအရာတွေကိုပြောပါတယ်"ဟု ဒုရဲအုပ်မြင့်ထွေးကပြောသည်။

မှုခင်းကျဆင်းရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးနေပြီး မှုခင်းကြိုတင်ကာကွယ်ရေးနှင့်မှုခင်းများဖြစ်ပွားလာပါက စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ဖုန်း၀၈၆ ၃၅၀၀၆ သို့ဆက်သွယ်အကြောင်းကြားနိုင်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly