အေစီမီလန်သို့ စကားပြောရန်သွားခြင်းမဟုတ်ဘဲ အလုပ်လုပ်ရန် သွားခြင်းဟု ဘာလော့တယ်လီပြော

အေစီမီလန်သို့ စကားပြောရန်သွားခြင်းမဟုတ်ဘဲ အလုပ်လုပ်ရန် သွားခြင်းဟု ဘာလော့တယ်လီပြော

သြဂုတ် ၂၆၊ မီလန် ။          ။ အေစီမီလန်သို့ တစ်ရာသီ အငှားဖြင့်ပြန်လည်ရောက် ရှိသွားသည့် ဘာလော့တယ်လီက စကားပြောရန်သွားခြင်းမဟုတ်ဘဲ အလုပ်လုပ်ရန် သွားခြင်းသာဖြစ်သည် ဟုပြောဆို လိုက်သည်။

ပြီးခဲ့သည့်လက အသင်းနှင့်အတူလေ့ကျင့်ခွင့်မရခဲ့သည့် လီဗာပူးလ်တိုက်စစ်မှူး ဘာလော့တယ်လီသည် အန်ဖီးလ်မှထွက်ခွာခွင့်ရရန် ပြီးခဲ့သည့်တစ်ပတ်ကတည်းက အေစီမီလန်အသင်းနှင့် ချိတ်ဆက်နေ ခဲ့သူဖြစ်သည်။

အေစီမီလန်အသင်းသို့အငှားဖြင့်အပြောင်းမီ ဆေးစစ်မှုခံယူပြီးအောင်မြင်ခဲ့သောကြောင့် တစ်ရာသီအငှားဖြင့် စာချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

"ပြန်ရောက်လာပြီဖြစ်လို့ ဝမ်းသာပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့နဲ့ အရည်အချင်းကိုပြဖို့အတွက် စကားနည်းနည်းပဲပြောပါမယ်။ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုလည်းပြည့်နေပြီး လေ့ကျင့်ခန်းလည်းဆင်းနေပါပြီ။ စိတ်ဓါတ်လည်းတက်ကြွနေပြီး အလုပ်လုပ်ဖို့ရှိလို့ စကားအများကြီးပြောမှာ မဟုတ် ပါဘူး။

အေစီမီလန်ကိုပြန်ပြောင်းခွင့်ရမယ်လို့ထင်ခဲ့ပါတယ်။ အေစီမီလန်ဟာ နှလုံးသားထဲအမြဲရှိနေပြီး တစ်နေ့နေ့မှာပြန်လာရဖို့လည်း အမြဲ မျှော်လင့်ခဲ့ပါတယ်။ အသင်းမှာကစားသမား ဘဝအဆုံးသတ်ချင် လားဆိုတာကတော့ အလုပ်နဲ့သက်သေပြကြိုးစားရပါဦးမယ်"ဟု ဘာလော့ တယ်လီက ပြောသည်။

ဘာလော့တယ်လီကို လီဗာပူးလ်အသင်းထံ ပေါင် ၁၆ သန်းဖြင့်ရောင်းချခဲ့သည့် အေစီမီလန်အသင်းသည် ယင်း ၂၅ နှစ်အရွယ်တိုက်စစ်မှူးအ တွက် ငှားရမ်းခပေးရန်မလိုဘဲ လစာတစ်ဝက်ဖြစ်သော ပေါင် ၂ ဒသမ ၅ သန်းဝန်းကျင်ကိုလည်း လီဗာပူးလ်အသင်းက မျှခံပေးရမည်ဖြစ် သည်။

လီဗာပူးလ်အသင်းတွင် ၁၆ ပွဲကစားပြီး တစ်ဂိုးသာသွင်းနိုင်ခဲ့သောကြောင့် ဘာလော့တယ်လီသည် တစ်ပွဲပေါင် ၁ သန်းတန်သည့် ကစားသ မား၊ တစ်ဂိုးပေါင် ၁၆ သန်းတန်သည့် ကစားသမားဟုလည်း ယူဆရမည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly