အေးခဲသော ရာသီဥတုကြောင့် ဗြိတိန်ခရီးသွားလုပ်ငန်း ထိခိုက်

အေးခဲသော ရာသီဥတုကြောင့် ဗြိတိန်ခရီးသွားလုပ်ငန်း ထိခိုက်

မတ် ၁ ။          ။ နိုင်ငံအနောက်တောင်ပိုင်းအတွက် အမြင့်ဆုံးသော အနီရောင်အဆင့် ရာသီဥတု သတိပေးချက်တစ်ရပ်ကို ဗြိတိန်မိုးလေဝသရုံးက မတ်လ ၁ ရက်တွင် ထုတ်ပြန်လိုက်ရသည်။

အစောပိုင်းနေ့ကလည်း အလားတူ သတိပေးချက်တစ်ခုကို စကော့တလန်အတွက် ထုတ်ပြန်ပေးထားရသေးသည်။

ယခုအခါ ယင်းနိုင်ငံတွင် နှင်းများ ထူထဲစွာ ကျဆင်းနေခဲ့ပြီး အေးခဲသော ရာသီဥတုကြောင့် လေယာဉ်နှင့် မီးရထားခရီးစဉ် များ ဖျက်သိမ်းထားခဲ့ရသည်။

အလားတူ ပြည်သူအမြောက်အမြားတို့သည်လည်း နှင်းများ ဖုံးလွှမ်းနေသည့် လမ်းများပေါ်တွင် ဆယ်နာရီကြာထိ ပိတ်ပင်သောင်တင်နေခဲ့ကြောင်းလည်း သိရသည်။

တစ်ချိန်တည်းမှာပင် မုန်တိုင်းသစ်တစ်ခုဖြစ်သည့် အမ်မာမုန်တိုင်းကလည်း ဗြိတိန်ကျွန်းသို့ ဦးတည်ရွေ့လျားလာနေလျက်ရှိခြင်းကြောင့် ယင်းနိုင်ငံတွင် ဆိုးရွားသည့် ရာသီဥတုနှင့် ဆက်လက်ကြုံတွေ့နေဦးမည်ဟု မျှော်လင့်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags